Latest News

Tuesday, March 28, 2017

"ရွှေဈေး တစ်ကျပ်သားလျှင် ကိုးသိန်းကျော်ထိ မြင့်တက်လာ "

"ရွှေဈေး တစ်ကျပ်သားလျှင် ကိုးသိန်းကျော်ထိ မြင့်တက်လာ "

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ကိုးသိန်းခြောက်ထောင် ကျပ်အထိမြင့်တက်လာကြောင်း သတင်းရရှိသည်။

မတ်လ၂၈ရက်တွင် ကမ္ဘာရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၅၄အထိမြင့်တက် လာပြီးလ ဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ပျဉ်းမျှ ၂၂ဒေါ်လာခန့် ဈေးနှုန်းမြင့်တက်လာသည်။ကမ္ဘာ့ရွှေဈေးသည် တစ်လအတွင်း ၂ရာခိုင်နှုန်း နီးပါး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ရှစ်သိန်းကိုးသောင်း ငါးထောင် ၀န်း ကျင်မှ ကျပ်ကိုးသိန်းခြောက်ထောင် ကျပ်သို့ မြင့်တက်သည်။

“ရွှေဈေးတက်တာက ကမ္ဘာဈေးတက်လို့ပါ၊အရောင်းအ၀ယ်ကတော့  ဒီရက်ပိုင်းမှာ ကောင်းနေတယ်”ဟု မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှုး ဦးကျော်ဝင်းကပြောသည်။

ရွှေထည်လက်ဝတ်ရတနာများကို ဧပြီ၁ရက်မှစတင်၍ ကုန်သွယ်လုပ်ငန်းခွန် ၁ရာခိုင်နှုန်းကောက်ခံမည့် အစီစဉ်ကြောင့် ယခုရက်ပိုင်းတွင် အ၀ယ်ပိုများလာသည်ဟု ၎င်းကပြောသည်။( 7Day News )

No comments:

Post a Comment