Latest News

Thursday, March 2, 2017

မန္တလေးဒေသ လက်မှုလုပ်ငန်းများ တွင်ကျယ်လာရေး ၀ိုင်းဝန်းကူညီရန် ၀န်ကြီးချုပ် မေတ္တာရပ်ခံ

မန္တလေးဒေသ လက်မှုလုပ်ငန်းများ တွင်ကျယ်လာရေး ၀ိုင်းဝန်းကူညီရန် ၀န်ကြီးချုပ် မေတ္တာရပ်ခံ



မန္တလေးတိုင်းဒေသ ကြီးရှိ ဒေသထွက် လက်မှုအနု ပညာလုပ်ငန်းများ တွင်ကျယ်လာ ရေး ၀ိုင်းဝန်းကူညီပံ့ပိုးပေးရန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက် တာ ဇော်မြင့်မောင်က မေတ္တာရပ် ခံသည်။

မတ်လ ၂ ရက်က မန္တလေး မြို့ မန္တလာသီရိအားကစားကွင်း  တွင် ပြုလုပ်သည့် ဒေသထွက်ကုန် များ ကုန်စည်ပြပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့်အတူ သီးနှံစိုက်ပျိုးနေသော တောင်သူများက တက်ရောက်ဆွေးနွေးမည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၏ ထူးခြားချက်သည် လက်မှုအနုပညာ လုပ်ငန်းများ အများအပြားရှိနေ ခြင်းဖြစ်ပြီး  ရွာများတွင်လည်း လက်မှုအထည်အမျိုးမျိုး လုပ် ကိုင်နေကြောင်း၊ ထင်ရှားသည့် လက်မှုလုပ်ငန်းများဆိုပါက ရွှေချည်ထိုးလုပ်ငန်းများ၊ ပန်းချီဆေးရေးလုပ်ငန်းများ၊ ပန်းပုလုပ်ငန်းများ၊ ကျောက်ဆစ်လုပ်ငန်းများသည် အထူးထင်ရှားကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

 ဒေသထွက် လက်မှုအနု ပညာလုပ်ငန်းများသည် ရှေးယ ခင်ကတည်းက ထိန်းသိမ်းလာ သည့် လုပ်ငန်းများဖြစ်ပြီး လုပ် ငန်းများ မတိမ်ကောမပပျောက် သွားရေး ၀ိုင်းဝန်းစောင့်ရှောက် ပေးရန်နှင့် လုပ်ငန်းငယ်များ တွင်ကျယ်လာရေး ၀ိုင်းဝန်းကူညီပံ့ပိုးပေးရန် မေတ္တာရပ်ခံကြောင်း ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ထို့အပြင် မန္တလေးတိုင်းဒေ သကြီးသည် ပထ၀ီအနေအထား အရ အလယ်ဗဟိုခန့်တွင် တည်ရှိ ပြီး လက်ရှိလမ်းမကြီး အသီးသီး၏ဆုံရပ်ကဲ့သို့ ဖြစ်နေခြင်းကြောင့်စီးပွားရေး အချက်အချာကျနေ ကြောင်း၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အလှမ်းမဝေး၍ စီးပွားရေးအရ အားသာချက်များရှိကြောင်း ၀န်ကြီးချုပ်ကဆိုသည်။



7Day News Journal

No comments:

Post a Comment