Latest News

Saturday, March 4, 2017

သာမညကျေးရွာ တောင်ပြုံးဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွား

သာမညကျေးရွာ တောင်ပြုံးဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွား


ဘားအံ မတ် ၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ တောင်ပြုံးရပ်ကွက် တောင်ပြုံးဘုန်းတော်ကြီးကျောင်းတွင် မတ်လ ၄ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က ဘုရားကျောင်းဆောင် လျှပ်စစ်မီး ပူဇော်ရာမှ (ပေ ၁၀၀ × ပေ ၃၀ ) အုတ်ကာ သွပ်မိုး နှစ်ထပ် ဆွမ်းစားဆောင် တစ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ သာမညနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင် သုံးဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၀ ဦး၊ ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင်  ၆ ဦး၊ ပုဂ္ဂလိက ရေသယ်ယာဉ် ၁၀ စီး၊ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများမှ  ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်  ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် (ပေ ၁၀၀ × ပေ ၃၀ ) အုတ်ကာ သွပ်မိုး  နှစ်ထပ်ဆွမ်းစားဆောင် တစ်ဆောင် မီးလောင်  ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း၊ ထိခိုက်သေဆုံးဒဏ်ရာရရှိသူ မရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment