Latest News

Tuesday, March 14, 2017

နေပြည်တော်အ၀င်၊ အထွက် ဂိတ်များတွင် လုံခြုံရေးကင်မရာ ရှစ်လုံးတိုးချဲ့တပ်ဆင်

နေပြည်တော်အ၀င်၊ အထွက် ဂိတ်များတွင် လုံခြုံရေးကင်မရာ ရှစ်လုံးတိုးချဲ့တပ်ဆင်


 နေပြည်တော်လုံခြုံရေးအတွက် မြို့အ၀င်၊ အထွက်ဂိတ်များတွင် အရည်အသွေး ကောင်းမွန်သည့် လုံခြုံရေးကင်မရာရှစ်လုံး တိုးချဲ့တပ်ဆင်ထား ကြောင်း နေပြည်တော်တိုင်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်ခင်အောင် က ပြောသည်။

‘‘ကင်မရာအဟောင်းတွေထဲ က ကောင်းတာတွေလည်း ထပ် သုံးတယ်။ မကောင်းတော့ဘူးဆို တဲ့ နေရာမှာ သီးခြားထပ်တပ် လိုက်တယ်’’ဟု ရဲမှူးကြီး ဇော်ခင် အောင်က ပြောသည်။

ယခုတပ်ဆင်သည့် လုံခြုံ ရေးကင်မရာရှစ်လုံးသည် ယခင် ကင်မရာများထက် အရည်အသွေး

ပိုမိုကောင်းမွန်ပြီး ရုပ်ကြည်လင် ပြတ်သားမှုရှိလာမည်ဟု ၎င်းက ပြောသည်။

‘‘အရင်အလုံးတွေက တစ် လ Memory ထိန်းလို့ရတဲ့ဟာ ပေါ့။ သုံးလထိန်းလို့ရတဲ့ဟာ တပ် ဖို့ အစီအစဉ်ရှိတယ်။ လက်ရှိက တော့ တစ်လခံတဲ့ဟာပေါ့’’ဟု ရဲ မှူးကြီးဇော်ခင်အောင်က ပြော ကြားသည်။

နေပြည်တော် ပရဆေး ဥယျာဉ်ရှေ့တွင် ပျောက်ဆုံးသွား သည်ဆိုသည့် ဦးကိုနီလုပ်ကြံ မှု၌ စေခိုင်းသူ အောင်ဝင်းခိုင်၏ ရုပ်ပုံများပါဝင်သော ဗီဒီယိုဖိုင် သည် သီးခြားဖျက်ဆီးခြင်းမဟုတ် ဘဲ အလိုအလျောက်ပျက်သွား ခြင်းဖြစ်ကြောင်း ပြောကြားမှုများ ရှိထားသည်။

  လက်ရှိ နေပြည်တော် ကောင်စီနယ်မြေတစ်ခုလုံးတွင် လုံခြုံရေးကင်မရာ ၅၅ လုံးတပ် ဆင်ထားပြီး ယင်းစက်များကို နေ ပြည်တော်၏ အဓိက၀င်ပေါက်၊ ထွက်ပေါက်၊ ဘုရား၊ ဈေးများ၌တပ်ဆင်ထားကာ နေပြည်တော်တိုင်းမှူးရုံးတွင် ထိန်းချုပ်ရေးစင်တာ ဖွင့်လှစ်ထားပြီး ၂၄ နာရီစောင့်ကြည့်နေသည်ဟု ၎င်းကပြော သည်။

နေပြည်တော်သို့ ၀င်ရောက် သည့် အဓိက၀င်ပေါက် ခုနစ်ခုရှိ ပြီး ယခုကင်မရာများတပ်ဆင် သည့် နေရာကို တာဝန်ရှိသူများက အတိအကျပြောကြားခြင်း မရှိပေ။

ထို့အပြင် နေပြည်တော်တွင် တပ်ဆင်ရန် လုံခြုံရေးကင်မရာအ လုံး ၄၀၀ ကို တရုတ်နိုင်ငံက လှူ ဒါန်းထားရာ ဆက်လက်တပ်ဆင် မည်ဟုလည်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။



7Day News Journal

No comments:

Post a Comment