"လုပ်ငန်းရှင်တွေ ကျွန်တော်တို့အစိုးရကို ငွေပေးဖို့ လိုကိုမလိုတော့ဘူး။ အောက်ခြေမှာ ပေးနေတာတွေ ရှိတယ်။ ဒါကိုဖြေးဖြေးချင်း ဖြေရှင်းရမယ်။ လူထုကိုယ်တိုင်က လာဘ်မပေးမှ ဖြစ်မှာ။"
"ကျွန်တော်တို့ ပေါ်လစီက ရင်းနှီးမြုပ်နှံမှုတိုးဖို့။ ပြည်တွင်းရင်းနှီးမြုပ်နှံမှုလည်းလိုတယ်။ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုလည်းလိုတယ်။ ရင်းနှီးမြုပ်နှံမယ့်လုပ်ငန်းနဲ့အတူ ဘာပါလာလည်းဆိုတော့ နည်းပညာပါလာမယ်။ နည်းပညာက ကျွန်တော်တို့နိုင်ငံလိုအပ်နေတဲ့နည်းပညာ ဖြစ်ရမယ်။
ပြည်သူလူထုသိမယ့် လိုအပ်နေတဲ့နည်းပညာတွေရရင် ပိုကောင်းမယ်။ နောက်သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိန်းသိမ်းနိုင်မလဲ၊ ဘယ်လောက်ပျက်စီးနိုင်မလဲ ဆိုတာတွေ ကြည့်ရမယ်။ နောက်တခုက ပြည်သူလူထုကို အလုပ်အကိုင် ဘယ်လောက်ထိ ရှာဖွေပေးနိုင်မလဲ။ Win-Win Policy နဲ့ သွားမှာပါ။ Win-Lose Policy နဲ့ သွားလို့ မဖြစ်ဘူး။ ရင်းနှီးမြုပ်နှံသူပဲ အကျိုးရှိပြီးတော့ တိုင်းဒေသကြီးအစိုးရအတွက် ပြည်သူတွေဝန်ဆောင်မှုပေးဖို့ အခွန်ငွေတွေမရဘူးဆိုတာမျိုးကတော့ ကောင်းတဲ့ရင်းနှီးမြုပ်နှံမှု မဟုတ်ဘူး။"
"မန္တလေးတိုင်းဒေသကြီးအတွင်း ရွှေတူးတာတွေ၊ ကျောက်တူးတာတွေ၊ စကျင်ကျောက်လုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်စရာတွေ အများကြီးပဲ။ သဘာဝပတ်ဝန်းကျင် မပျက်စီးပဲနဲ့ တကယ်စိစစ်ပြီးတော့ ခွင့်ပေးရမယ့်ဟာတွေလည်း အများကြီးကျန်သေးတယ်။"
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
[မန္တလေးသတင်းဂျာနယ်၊ အတွဲ (၁) အမှတ် (၂)]
TheMandalayNewsJournal
Sunday, March 26, 2017
"လုပ်ငန်းရှင်တွေ ကျွန်တော်တို့အစိုးရကို ငွေပေးဖို့ လိုကိုမလိုတော့ဘူး။ အောက်ခြေမှာ ပေးနေတာတွေ ရှိတယ်။ ဒါကိုဖြေးဖြေးချင်း ဖြေရှင်းရမယ်။ လူထုကိုယ်တိုင်က လာဘ်မပေးမှ ဖြစ်မှာ။"
"လုပ်ငန်းရှင်တွေ ကျွန်တော်တို့အစိုးရကို ငွေပေးဖို့ လိုကိုမလိုတော့ဘူး။ အောက်ခြေမှာ ပေးနေတာတွေ ရှိတယ်။ ဒါကိုဖြေးဖြေးချင်း ဖြေရှင်းရမယ်။ လူထုကိုယ်တိုင်က လာဘ်မပေးမှ ဖြစ်မှာ။"
Reviewed by Ar Ti
on
11:15 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment