Latest News

Saturday, March 4, 2017

ပြည်​သူ့နီတိကိစ္စ

ဒီမနက်​ လှုပ်​လှုပ်​ရှားရှား ဖြစ်​သွားတဲ့ ကိစ္စတစ်​ခု​တွေ့မိတယ်​...
ပြည်​သူ့နီတိကိစ္စပါ ...
ပုံပါ စာအုပ်​က ပညာ​ရေးဝန်​ကြီးဌာနက ထုတ်​​ဝေတာ မဟုတ်​ပါဘူး
ရန်​ကုန်​မြို့၊ကမာရွတ်​မြို့နယ်​၊​ရွှေလီလမ်းမှာ ရုံးစိုက်​ထားတဲ့ lNGO တစ်​ခု "ကွဲပြားခြားနားမှုနှင့်​ အမျိုးသား​ရေး သဟာဇာတဖြစ်​မှုဆိုင်​ရာ ​လေ့လာ​ရေးအဖွဲ့(Center for Diversity and National Hanmony_CDNH) က ပြုစုထားတဲ့ စာအုပ်​ပါ ... အတန်းစဉ်​လိုက်​ ပြုစုထားတယ်​လို့သိရပါတယ်​ .. CDNH ဟာ (UN Peace Building Fund၊ Peace Suppoort Fund_PSF)၊ ​နော်​​ဝေး ဆွစ်​ဇာလန်​ နိုင်​ငံခြား​ရေးဝန်​ကြီးဌာန တို့ရဲ့ ရန်​ပုံ​ငွေနဲ့ အလုပ်​လုပ်​​နေတာပါ ....
သတိထားစရာ​တော့ ရှိပါတယ်​ .... CDNH ရဲ့ အမှု​ဆောင်​ချုပ်​ဟာ မွတ်​ဆလင်​ ​လောကမှ လူရို​သေရှင်​ရို​သေ အ​နေထားရှိတဲ့ ဟာဂျီဦး​အေးလွင်​ပါ ... ကမ္ဘာကလည်း အစ္စလာမ်​အ​ရေး တတ်​ကြွ လှုပ်​ရှားသူ အဖြစ်​ အသိမှတ်​ပြုခံရသူပါ ... ဥက္ကဌက ဦးဝင်း​အောင်​ .. ဒီအဖွဲ့က ရခိုင်​ပြည်​နယ်​ထဲ ထဲထဲဝင်​ဝင်​ ဝင်​​ရောက်​လှုပ်​ရှား​နေတဲ့အဖွဲ့ပါ ..... ပညာ​ရေး၊ကျန်းမာ​ရေး၊လူမျိုး​ရေး၊ဘာသာ​ရေး ​တော်​​တော်​စုံပါတယ်​ ....
INGO အဖွဲ့တစ်​ခုဖြစ်​​ပေမယ့်​ အစိုးရအ​နေနဲ့ တတ်​နိုင်​သ​လောက်​ထိန်းညှိ​ပေးဖို့ လိုမယ်​ထင်​ပါတယ်​ .... lNGO အဖွဲ့တစ်​ခုက ကိုယ့်​သ​ဘောနဲ့ကိုယ်​ အတန်းစဉ်​ ပြဌန်းစာအုပ်​ ပြုစုပြီး လူမျိုး​ရေး ဘာသာ​ရေး အကဲဆတ်​လွန်းတဲ့ ရခိုင်​ပြည်​နယ်​လို ​ဒေသမျိုးမှာ ဖြန့်​​ဝေတယ်​ဆိုတာ တရားဝင်​ပါသလား ... NGO လုပ်​ပိုင်​ခွင့်​​ကျော်​လွန်​​နေမလား .... ဒါကို ထိန်းညှိသင့်​ပါတယ်​ ... သိထားသ​လောက်​ Unicef ​ထောက်​ပံ့ စာ​စောင်​ စာအုပ်​​တွေ​တောင်​ ပညာ​ရေးဝန်​ကြီးဌာန ကသွားတာပါ ... ပြဌန်းစာအုပ်​ထဲမှာ ဘာသာ​ရေး အမြည်းထည့်​​ပေးတယ်​ဆို​ပေမယ့်​ နုနယ်​တဲ့က​လေး​တွေအတွက်​ အင်​မတန်​ အကဲဆတ်​လွန်းပါတယ်​ .... ​ဒေသတစ်​ခုကို Hightlight လုပ်​ထားလို့လဲ ပိုစိုးရိမ်​မိပါတယ်​ ....
ကျွန်​​တော်​တို့ အနာဂတ်​ က​လေးငယ်​​တွေကို အ​ရောင်​အဆင်း ကင်းမဲ့ပြီး အဖြူထည်​​လေး​တွေပဲ ဖြစ်​​စေချင်​ပါတယ်​ .... တင်းသင့်​တာတင်း ​လျော့သင့်​တာ​လျော့ မျက်​ကွယ်​မပြုဖို့က တာဝန်​ယူတတ်​သူ​တွေအတွက်​ဖြစ်​ပါတယ်​..... ​ကျေးဇူးပါ
ကျွန်​​တော်​သိသ​လောက်​ မြင်​သ​လောက်​ အကြံပြုမိတာပါ ...
အမှားပါရင်​ခွင့်​လွှတ်​ပါ။ ။
ဇေယျာအေး
Crd,
Nyein Say Yar









No comments:

Post a Comment