Latest News

Saturday, March 4, 2017

လွှတ်တော်အမတ်က အရပ်သားတစ်ဦးကို လက်သီးနှင့်ထိုး

ကလေး၊ မတ် ၅

စစ်ကိုင်းတိုင်း ကလေးဝမြို့တွင် ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းက ကားသွားရန် လမ်းရှင်းရာမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က အရပ်သားတစ်ဦးကို လက်သီးဖြင့် ထိုးခဲ့ကြောင်း အထိုးခံခဲ့ရသည့် အသက် ၆၀ နှစ်ခန့်အရွယ် ဦးအောင်ကျော်စိုးက The Voice သို့ ပြောကြားသည်။

ကလေးဝမြို့ ချင်းတွင်းမြစ်ကမ်းမှ တဖက်ကမ်းမြစ်ဆိပ်သို့ကူးရန် ဇက်ပေါ်သို့ ကားတင်ရန် ပြုလုပ်နေစဉ် အမျိုးသားလွှတ်တော် ကိုယ်စာလှယ် ဦးကိုကိုနိုင်၏ ကားသွားမည် ဆိုသဖြင့် ကားရွှေ့ပေးနေချိန်တွင် ဦးကိုကိုနိုင်က ၄င်း၏ကားပေါ်မှ ဆင်းလာ၍ ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်။

“မြစ်တစ်ဖက်ကမ်းကို ကူးဖို့ရာလုပ်တဲ့ အချိန်မှာ သူကထွက်မယ် ဆိုတော့ ကျွန်တော့်ကားမလွတ်လို့ လမ်းနောက်ဆုတ်ပေးတာကို ကျွန်တော် ကားထွက်မယ်ထင်ပြီး သူက ကြိမ်းလား မောင်းလား လုပ်တယ်။ သူက လွှတ်တော်ကိုယ်စာလှယ် မင်းက ဘာကောင်လဲဆိုပြီး ကျွန်တော်ကိုမေးပြီး စထိုးတာပဲ။ ကျွန်တော့်ကို ကျောက်တုံးကြီးနဲ့ထုဖို့ ဆိုပြီး လုပ်သေးတယ်” ဟု ဦးအောင်ကျော်စိုးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က မိမိအနေဖြင့် ပြောစရာ မရှိကြောင်း၊ စေတနာ လွန်ကဲသွားခြင်း ဖြစ်ပြီး ဦးအောင်ကျော်စိုး အနေနှင့် စေတနာ နားမလည်ခြင်းသာ ဖြစ်ကြောင်း The Voice သို့ပြောကြားသည်။
လက်သီးဖြင့် အထိုးခံရသည့်ကိစ္စ ကလေးဝ မြို့မရဲစခန်းတွင် အမှုဖွင့်မည် ဖြစ်သော်လည်း မိမိ၏ အမျိုးသမီး ကျန်းမာရေးကြောင့် မန္တလေးမြို့သို့ အရေးပေါ် သွားရောက်ရမည် ဖြစ်၍ လတ်တလော အမှုဖွင့်ခြင်း မရှိသေးဘဲ မန္တလေးမြို့မှ ပြန်လာသည့် အခါမှသာ အမှုဖွင့်မည် ဖြစ်ကြောင်း ဦးအောင်ကျော်စိုးက ပြောသည်။

ဦးကိုကိုနိုင်သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၈) မှ ဝင်ရောက်ရွေးကောက်ခံပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
http://thevoicemyanmar.com/news/6700-hta

No comments:

Post a Comment