ပီရူး၌ လေယာဉ်တစ်စင်း ပျံသန်းစဉ် မီးလောင်၍ အရေးပေါ် ဆင်းသက်
ပီရူးနိုင်ငံတွင် မတ် ၂၈ ရက်က လေယာဉ်တစ်စင်း ပျံသန်းရင်း မီးလောင်၍ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ဌာနေမီဒီယာများက ဖော်ပြသည်။
လီမာမြို့မှ ပျံသန်းလာသော ပီရူးလေကြောင်းလိုင်းလေယာဉ်သည် မီးလောင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက သတိပေးရာ ဂါဂျာမြို့က လေဆိပ်ငယ်တစ်ခုသို့ ဘေးကင်းစွာ အရေးပေါ်ဆင်းသက်လိုက်ရခြင်းဖြစ်သည်။
လေယာဉ်ကိုယ်ထည်တစ်လျှောက် မီးပျံ့နှံ့ခြင်း မရှိမီ ခရီးသည်အားလုံးအား လေယာဉ်ပေါ်မှ ဆင်းသက်စေနိုင်ခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။
လေယာဉ်၏ ညာတောင်ပံ ပျက်စီးပြီး မီးစတင်လောင်ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အရေးပေါ်ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းနှင့် လမ်းကြောင်းချော်ထွက်မှုလည်း ဖြစ်ခဲ့သည်။ သို့သော် ခရီးသည်များတွင် ပြောပလောက်အောင် ဒဏ်ရာရခြင်း မရှိပေ။
အဆိုပါ လေယာဉ် မီးလောင်ရသည့် အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိနေပြီလည်းဖြစ်သည်။
Mizzima
Wednesday, March 29, 2017
ပီရူး၌ လေယာဉ်တစ်စင်း ပျံသန်းစဉ် မီးလောင်၍ အရေးပေါ် ဆင်းသက်
ပီရူး၌ လေယာဉ်တစ်စင်း ပျံသန်းစဉ် မီးလောင်၍ အရေးပေါ် ဆင်းသက်
Reviewed by Ar Ti
on
12:12 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment