Latest News

Tuesday, March 28, 2017

တရုတ်က မြန်မာနိုင်ငံနှင့် နယ်စပ်အနီးတွင် ကျည်စစ်ကျည်မှန် အသုံးပြု စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်

တရုတ်က မြန်မာနိုင်ငံနှင့် နယ်စပ်အနီးတွင် ကျည်စစ်ကျည်မှန် အသုံးပြု စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်

ကူမင်း ၊ ၂၉-၃-၂၀၁၇

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA သည် မြန်မာနိုင်ငံနှင့် နယ်စပ်အနီး၌ ဝေဟင်-မြေပြင် ကျည်စစ်ကျည်မှန် အသုံးပြု စစ်ရေးလေ့ကျင့်ခန်း ကို မတ် ၂၈ ရက်တွင် ပြုလုပ်ကြောင်း စစ်ဘက်သတင်း အရင်းအမြစ် များက ပြောသည်။

PLA ၏ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနက ပြုလုပ်သည့် အဆိုပါပူးပေါင်း စစ်ရေးလေ့ကျင့်မှု သည် နှစ်စဉ်ပုံမှန် စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး အလျင်အမြန် စစ်ကစားခြင်း၊ ပစ်မှတ်ကိုတိကျစွာ ချေမှုန်းခြင်း၊ ဒေါင်လိုက်ပိတ်ဆို့မှုနှင့် ပူးပေါင်း တိုက်ခိုက်မှု များတွင် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို စမ်းသပ်လိုခြင်းသာ ဖြစ်ကြောင်း ၄င်းကွပ်ကဲမှု ဌာနက ပြောသည်။

အဆိုပါစစ်ရေး လေ့ကျင့်ခန်းတွင် ယန္တရား၊ အမြောက်၊ လေကြောင်းရန် ကာကွယ်ရေး၊ ကြည်းတပ်၏ လေတပ်ဖွဲ့နှင့် လေတပ်တို့ ပါဝင်ပြီး လေ့ကျင့်မှုပြုလုပ်မည့် နေရာများနှင့် တိုက်ခိုက်ရမည့် ပစ်မှတ်များကို ကျပန်း
ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တပ်ဖွဲ့ဝင်များသည် သတ်မှတ် ပစ်မှတ်များကို အနီးကပ်နှင့် တိကျစွာပူးပေါင်း ချေမှုန်းနိုင်ကြောင်းနှင့် ဝေဟင်နှင့်မြေပြင်မှ စွမ်းအားပြင်း ပစ်ကူ၏ အောက်တွင် ယန္တရား တပ်ဖွဲ့သည် လျင်မြန်စွာ ရွေ့လျားနိုင်ပြီး ပိတ်ဆို့ရေး လမ်းကြောင်းကို ပုံဖော်လုပ်ဆောင် နိုင်ကြောင်း သတင်း အရင်းအမြစ်များက ပြောသည်။

ဆက်လက်ပြီး တရုတ်စစ်ဘက်မှ တာဝန်ရှိသူများသည် အဆိုပါစစ်ရေး လေ့ကျင့်ခန်း မပြုလုပ်မီ ယင်းသို့စစ်ရေး လေ့ကျင့်မည် ဖြစ်ကြောင်းကို မြန်မာနိုင်ငံသို့ ကြိုတင်အသိပေး ထားပြီးဖြစ်ကြောင်း သတင်း အရင်းအမြစ် များ၏ ထုတ်ပြန်ချက် အရ သိရသည်။
PyiChitThar

No comments:

Post a Comment