Latest News

Tuesday, March 14, 2017

အမေရိကန် အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ နှင်းမုန်တိုင်းကျရောက်၍ အရေးပေါ်အခြေအနေကြေညာ

အမေရိကန် အရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ နှင်းမုန်တိုင်းကျရောက်၍ အရေးပေါ်အခြေအနေကြေညာ

နယူးယောက်၊ မတ် ၁၄ ။             ။ အမေရိကန်နိုင်ငံမှာ ဆောင်းတွင်းလေပြင်းမုန်တိုင်းကျရောက်ဖြစ်ပေါ်၍ နှင်းများပြင်းထန်စွာကျဆင်းတာကြောင့် နယူးယောက်နဲ့ နယူးဂျာစီအရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီဖြစ်ပါတယ်။

မီယာမီ၊ ပင်ဆယ်ဗေးနီးယာ၊ နယူးဂျာစီ၊ နယူးယောက်နဲ့ ကွန်နက်တီကက်ပြည်နယ်တွေမှာ အမေရိကန်အမျိုးသား မိုးလေဝသဌာနက နှင်းမုန်တိုင်းသတိပေးချက်ထုတ်ထားပါတယ်။

ဆောင်းတွင်းမုန်တိုင်း စတယ်လာကြောင့် ကျောင်းတွေလည်း ပိတ်ထားရပြီး လေယာဉ်ခရီးစဉ် ထောင်ပေါင်းများကိုလည်း ပယ်ဖျက်လိုက်ရပါတယ်။

ခုရာသီအခြေအနေကြောင့် ဝါရှင်တန်ကို လာပြီး သမ္မတထရမ့်နဲ့ တွေ့ဆုံမယ့် ဂျာမနီဝန်ကြီးချုပ်ရဲ့ ခရီးစဉ်လည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။

လေတိုက်နှုန်း တစ်နာရီ မိုင်တစ်ရာကျော်နှုန်းရှိတဲ့ လေပြင်းမုန်တိုင်း စတယ်လာကြောင့် အရှေ့မြောက်ပိုင်းပြည်နယ်များစွာမှာ မတ် ၁၅ ရက် နံနက်ပိုင်း သွားရေးလာရေးတွေ အမျှင်ပြတ်ခက်ခဲနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက ပြောထားပါတယ်။

တစ်နိုင်ငံလုံးအနေနဲ့ နှင်းမုန်တိုင်းသတိပေးချက်အောက် ရှိနေသူ ပြည်သူပေါင်း သန်း ၅၀ ခန့် ရှိပါတယ်။

Mizzima

No comments:

Post a Comment