အမေရိကန်နဲ့ စစ်ဖြစ်ဖို့ အသင့်ရှိနေတယ်လို့ မြောက်ကိုရီးယားပြောကြား
မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်ပေမဲ့ အမေရိကန်နဲ့ စစ်မက်ဖက်ပြိုင်ဖို့ အသင့်ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က မြောက်ကိုးရီးယားအပေါ် ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရေး ပြောဆိုမှုတွေကို တုံ့ပြန်တဲ့အနေ နဲ့ မနေ့က ခုလို ပြောကြားလိုက်တာပါ။ မြောက်ကိုးရီးယားဟာ မနေ့က နိုင်ငံ အရှေ့တောင်ပိုင်း ၀ုန်ဆန်လေတပ်စခန်းကနေ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပါ တယ်။ ဒါပေမဲ့ အဲဒီ့ဒုံးကျည်ဟာ ပစ်လွှတ်ပြီး စက္ကန့်ပိုင်းအကြာမှာ ပျက်ကျသွားခဲ့ တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန က ပြောပါတယ်။ ဒါပေမဲ့ အဲဒီ့ဒုံးကျည် အမျိုးအစားနဲ့ ပျက်ကျရတဲ့အကြောင်းအရင်းကို အတည်ပြုနိုင်ခြင်း မရှိပါဘူး။ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်ကတော့ ဒုံးကျည်စမ်းသပ်တဲ့ ဖြစ်စဉ်ကို အသေးစိတ်ဆန်းစစ်နိုင်အောင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲ အလုပ်လုပ်နေတယ်လို့ ပြောကြားထားကြောင်း APသတင်းမှာဖော်ပြထားပါတယ်။5Plus News
Thursday, March 23, 2017
အမေရိကန်နဲ့ စစ်ဖြစ်ဖို့ အသင့်ရှိနေတယ်လို့ မြောက်ကိုရီးယားပြောကြား
အမေရိကန်နဲ့ စစ်ဖြစ်ဖို့ အသင့်ရှိနေတယ်လို့ မြောက်ကိုရီးယားပြောကြား
Reviewed by Ar Ti
on
12:34 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment