Latest News

Friday, March 17, 2017

မိတ္ထီလာမြို့ အလှုတွင် ဦးဝီရသူ တရားပွဲပြုလုပ်မည်

မိတ္ထီလာမြို့ အလှုတွင် ဦးဝီရသူ တရားပွဲပြုလုပ်မည်

မိတ္ထီလာမြို့ရန်မျိုးအောင်ရပ်ကွက် နယ်မြေ မင်္ဂလာဇေယျုံရပ်ကွက်တွင် ရှင်ပြုနားသ အလှူပွဲအကြိုအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မတ် ၁၀ ရက်မှစတင်၍ တရားဟောခွင့်တနှစ်ပိတ်ထားသော မန္တလေး မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဘဒ္ဓန္တ၀ိစိတ္တာဘိဝံသ (၀ီရသူ)၏ တရားပွဲထည့်သွင်းပြုလုပ်မည်ဖြစ်ရာ ယင်းတရားပွဲပြုလုပ်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများသို့ ခွင့်ပြုမိန့်တောင်းခံထားခြင်းမရှိကြောင်း သိရသည်။

၂၀၁၇ မတ် ၁၇ ည ၇ နာရီတွင် မိတ္ထီလာမြို့ရန်မျိုးအောင်ရပ်ကွက်နယ်မြေ မင်္ဂလာဇေယျုံရပ်နေ ဦးမောင်ထွန်း၊ ဒေါ်မိုးမိုး မိသားစု ရှင်ပြုနားသအလှူပွဲ အကြိုနေ့မင်္ဂလာဇေယျုံကျောင်းတိုက်အတွင်း၌ မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဓန္တ၀ိစိတ္တာဘိဝံသ (၀ီရသူ)မှ နိဗ္ဗာန် ရောက်ကြောင်း တရားတော်များနှင့် အမျိုးသားရေး အသိပညာပေး တရားတော်များ ဟောကြားမည်ဖြစ်ရာ ယင်းတရားပွဲအား သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာ အသီးသီးသို့ ခွင့်ပြုမိန့်တင်ပြတောင်းခံထားခြင်းမရှိကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မိတ္ထီလာခရိုင် သာသနာရေးဦးစီးဌာန ဦးစီးမှူးဦးကိုကိုအောင်က ''ဆရာတော် ဦးဝီရသူတရားပွဲနဲ့ပတ်သက်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေထံ တင်ပြထားတာ မရှိပါဘူး။ ဒီအကြောင်းကို မနက်ကပဲ သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဆက်လက်တင်ပြရန် ဆောင်ရွက်နေပါတယ်။ အခုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးရှိပါတယ်။ အစည်းအဝေးမှာ တင်ပြမှာပါ။ နိုင်ငံတော် သံဃမဟာနာယက,က တရားဟောခွင့်ပိတ်ထားတာဖြစ်ပြီး ဒါဟာ သံဃာ့အဖွဲ့အစည်းကိစ္စဖြစ်ပါတယ်။ ကျွန် တော်တို့ လူပုဂ္ဂိုလ်တွေအနေနဲ့ ဆရာတော်ကြီးတွေကိစ္စဖြစ်လို့ ၀င်ရောက်စွက်ဖက်မှာမဟုတ်ပါဘူး။ ဆရာတော်ကြီးတွေ ကိုလည်း မလျှောက်ရသေးပါဘူး။ ဒီတရား ပွဲနဲ့ပတ်သက်လို့ ဆရာတော်ကြီးတွေ ဘယ် လိုမိန့်ကြားမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်''ဟု မတ် ၁၆ ရက်က ပြော သည်။မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်ကလည်း ဆရာတော်ဦးဝီရသူ တရားပွဲပြုလုပ်ခြင်းနှင့် ပတ်သက်၍ လာရောက်တင်ပြထားမှုမရှိကြောင်း ပြောသည်။

မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဓန္တ၀ိစိတ္တာဘိဝံသ (၀ီရသူ)၏ တရားပွဲအတွက် ဖိတ်ကြားသောလက်ကမ်း ကြော်ငြာများ ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရပြီး လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပျံ့နှံ့လျက်ရှိကာ ယင်းတရားပွဲ ဓမ္မပူဇာအလှူရှင်မှာ မင်္ဂလာဇေယျုံရပ်ကွက်နေ အလှူရှင်ဦးမောင်ထွန်း၊ ဒေါ်မိုးမိုးတို့ဖြစ် ကြောင်းသိရသည်။

ရွှေမောင်(ထီလာ)News Watch

No comments:

Post a Comment