Latest News

Thursday, March 23, 2017

“စရိုက်” ရုပ်ရှင်ဇာတ်ကားမှာ ခပ်ကြမ်းကြမ်း ဇာတ်ရုပ်နဲ့ မြင်တွေ့ရမယ့် ကျော်ထက်

“စရိုက်” ရုပ်ရှင်ဇာတ်ကားမှာ ခပ်ကြမ်းကြမ်း ဇာတ်ရုပ်နဲ့ မြင်တွေ့ရမယ့် ကျော်ထက်

ရန်ကုန်၊ မတ် ၂၂

တတိယမြောက် ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးမယ့် စရိုက်မှာ ခပ်ကြမ်းကြမ်း ဇာတ်ရုပ်မျိုးနဲ့ ပရိသတ်တွေက ထူးထူးခြားခြား မြင်တွေ့ရမှာဖြစ်ကြောင်း Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ အစီအစဉ် တင်ဆက်သူ ဖြစ်သလို သရုပ်ဆောင်လည်းဖြစ်တဲ့ ကျော်ထက်က The Voice ကို ပြောကြားပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားက အခြေခံ လူတန်းစားတွေရဲ့ ဘဝတွေကို ရိုက်မှာပါ။ ကျွန်တော့်ရဲ့ ကာရိုက်တာကတော့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ခပ်ရိုင်းရိုင်းကောင်ပေါ့။ ဒီလိုဇာတ်ရုပ်မျိုးက ကျွန်တော့်အတွက်လည်း စိန်ခေါ်မှုတစ်ခုပါပဲ။ ရင့်ရင့်သီးသီး၊ မိုက်မိုက်ရိုင်းရိုင်းတွေပြောပြီး သရုပ်ဆောင်ရမှာ ဆိုတော့လေ”လို့ ယင်းဇာတ်ကားမှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်းကို ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ ဩရသ ရိုက်ကူးမယ့် စရိုက်ရုပ်ရှင် ဇာတ်ကားမှာတော့ သရုပ်ဆောင် လူမင်း၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ဒိန်းဒေါင်တို့နဲ့အတူ ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပြီး မတ်လ ၂၆ ရက်နေ့မှာ ဇာတ်ကား ကန်တော့ပွဲပေးမှာဖြစ်ကြောင်း ကျော်ထက်က ပြောကြားပါတယ်။

“ဒီကားမှာ ကိုလူမင်းနဲ့ ကျွန်တော်က ဇာတ်ကောင်အပြိုင်အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ကျွန်တော်က မခိုင်သင်းကြည်ရဲ့ အရင်ယောက်ျားလားမသိဘူး။ကျွန်တော်လည်း ဇာတ်လမ်းကို သေချာ မဖတ်ရသေးဘူး။ Myanmar Idol ပြိုင်ပွဲကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့လေ။ ရိုက်မှာကတော့ ရန်ကုန်မှာပဲ ရိုက်မှာပါ”လို့ ၎င်းက ဆိုပါတယ်။

သရုပ်ဆောင် ကျော်ထက်က ဝါရင့် အမျိုးသမီး သရုပ်ဆောင်တွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့နဲ့ “သူငယ်”ရုပ်ရှင်ဇာတ်ကား၊ သရုပ်ဆောင် အေးမြတ်သူ၊ ပိုင်ဖြိုးသု၊ နန်းမြတ်ဖြိုးသင်းတို့နဲ့ “ကြယ်”ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးထားပြီး မကြာမီ ရိုက်ကူးမယ့် “စရိုက်”ရုပ်ရှင်ကတော့ သူ့ရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ The Voice

No comments:

Post a Comment