Latest News

Wednesday, March 15, 2017

တွန်းပေမဲ့ မရွေ့သေးတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု

တွန်းပေမဲ့ မရွေ့သေးတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းအမျိုးမျိုး ဖြေလျှော့၊ ပြုပြင်ပြောင်းလဲခဲ့ပေမဲ့ ထိရောက်မှုသိပ်တော့ မတွေ့ရသေးပါဘူး။

နေပြည်တော်၊ မတ် ၁၁ - စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ နည်းအမျိုးမျိုး ဖြေလျှော့၊ ပြုပြင်ပြောင်းလဲခဲ့ပေမဲ့ ထိရောက်မှုသိပ်မတွေ့ရသေးပါဘူး။
အွန်လိုင်းပေါ်မှ ပိုကြာနိုင်ငံတကာနဲ့တန်းတူဖြစ်ဖို့ ပြောင်းလဲမှုတစ်ခုကတော့ ပို့ကုန်သွင်းကုန်လုပ် ငန်းလုပ်ကိုင်တဲ့သူတွေအနေနဲ့ ကုန်သွယ်မှုလျင်မြန်စေဖို့အတွက် အလိုအ လျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance Sys-tem -MACCS)ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ MACCS စနစ်ကိုတော့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်တွင်းအခွန်များ ဦးစီးဌာနကနေ ဆောင်ရွက်တာဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်က စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

သည်စနစ်ကိုပထမဆုံးအနေနဲ့ ရန်ကုန်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့တွင်းဧရိယာမှာ စတင်အသုံးပြုခဲ့ပါတယ်။ သည်စနစ်ကို လုပ်ဆောင်ရခြင်းဟာ ကုန်သွယ်မှုပြုလုပ်ရာမှာ လျင်မြန်စေဖို့ရည်ရွယ်ပေမဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းမကျွမ်းကျင်မှုတွေ၊ အင်တာနက်မြန်နှုန်းမကောင်းမှု တွေကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အချိန်ကြန့်ကြာမှုတွေ၊ ကိန်းဂဏန်းအချက်အလက်မှားယွင်းမှုတွေနဲ့ ကြုံကြရပါတယ်။ ဒါ့အပြင်အကောက်ခွန်ဆောင်ရွက်မှုတွေ ပြုလုပ်တဲ့အခါမှာ လည်း အချိန်ကြန့်ကြာမှုတွေကြောင့် လုပ်ငန်းရှင်တွေရဲ့ဝေဖန်မှုတွေရှိခဲ့ပါ တယ်။
ရန်ကုန်မြို့က သကြားလုပ်ငန်းရှင်တစ်ဦးက ဒီစနစ်ကတော့ ခုထိကိုအဆင် မပြေသေးဘူး၊ အသားမကျသေးတာပေါ့၊ အချက်အလက်တွေမှားတာ၊ ဈေးနှုန်းတွေမှားရိုက်တာ၊ ပြီးတော့ အချိန်ကြာတာပေါ့၊ အရင်အတိုင်း ရိုးရိုးသွားတာကမှ မြန်ချင်မြန်ဦးမယ်၊ အခုအထိတော့ ဒီစနစ်နဲ့ အဆင်မပြေသေးဘူး၊ အမှားအယွင်းတွေနဲ့တော့ ကြုံနေရတာပဲလို့ ပြောပါ တယ်။

MACCS စနစ်ဟာ လုပ်ငန်းရှင်တွေအနေနဲ့ MACCS Private User စာရင်းဖွင့်လှစ်ပြီး ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားတာတွေ၊ အကောက် ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်စတဲ့ ပေးဆောင်ရမယ့်အခွန်အခတွေကို အွန်လိုင်း ကနေ ၂၄ နာရီဆောင်ရွက်လို့ရတဲ့စနစ် ဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းတွေနဲ့ဆိုင်တဲ့ သွင်းကုန်ပစ္စည်းတွေကို fully online စနစ်နဲ့ လိုင်စင်လျှောက်လို့ရပြီဆိုတဲ့ထုတ်ပြန်ချက်ဆိုရင်လည်း လုပ်ငန်းရှင် တွေအနေနဲ့ လက်ရှိအချိန်အထိ သည်စနစ်ကိုအသုံးပြုတာ သိပ်မရှိသေး ဘူးလို့သိရပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဒီစနစ်ဟာ အချိန်ကုန်ငွေကုန်သက်သာပါတယ်၊ ဒါပေမဲ့ အထည်ချုပ်လုပ်ငန်းရှင်တွေအနေနဲ့ လျှောက်တဲ့သူသိပ်မရှိဘူး၊ အရင်က လျှောက်နေကြတဲ့ နှမ်းတို့၊ ကတ္တရာတို့လောက်ပဲ ဒီစနစ်နဲ့လျှောက်ကြတယ်၊ အခုနောက်ထပ်တိုးလိုက်တဲ့ အထည်ချုပ်လုပ်ငန်းတွေကတော့လျှောက်တာ နည်းသေးတယ်လို့ ပြောပါတယ်။

သည် fully online စနစ်ကိုတော့ သွင်းကုန်ပိုင်းမှာဆိုရင် ရန်ကုန်မြို့ရှိအ ထည်ချုပ်စက်ရုံ ၁၀ ရုံမှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပို့ကုန်မဟာဗျူဟာ
၂၀၁၅ ခုနှစ်က ရေးဆွဲခဲ့တဲ့ ပို့ကုန်မဟာဗျူဟာစီမံကိန်းကဏ္ဍတွေတိုးမြှင့် နေပေမဲ့ သိသာတဲ့ပြောင်းလဲမှုမရှိခဲ့သေးဘူးလို့ လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့အဓိကပြည်ပပို့ကုန်ဖြစ်တဲ့ ဆန်စပါးအတွက် ဆိုရင်ဈေးကောင်း ရရှိအောင်၊ ပြည်ပကို တရားဝင်လမ်းကြောင်းကနေ အများဆုံးတင်ပို့နိုင် အောင် ဈေးကွက်တွေတိုးချဲ့ရှာဖွေနေပေမဲ့ လိုအပ်ချက်တွေကတော့ လက်ရှိအချိန်အထိရှိနေဆဲဖြစ်တယ်။

လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပကိုဆန်တင်ပို့နိုင်မှုအနေအထားကို ကြည့်မယ်ဆိုရင် ပင်လယ်ရေကြောင်းကနေတင် ပို့နိုင်တဲ့တန်ချိန်ဟာ တိုးတက်ခဲ့ပေမဲ့နယ်စပ်ကနေ တင်ပို့နိုင်မှုလျော့ကျခဲ့တာကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်နဲ့ယှဉ်ရင် ဇန်နဝါရီလအထိ ဆန်၊ ဆန်ကွဲတင်ပို့မှုဟာ တန်ချိန် နှစ်သိန်းကျော်လောက် လျော့နည်းပါတယ်။

ပြန်လည်စတင်လိုက်တဲ့စီမံချက်တစ်ခုကတော့ နယ်စပ်ကုန်သွယ်ရေးရဲ့စစ်ဆေးရေး စခန်းတွေဖြစ်တဲ့ ရေပူနဲ့မရမ်းချောင်း အမြဲတမ်းစစ်ဆေးရေးစခန်းတွေကို ပြန်လည် ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
အရင်အစိုးရလက်ထက်က သည်စစ်ဆေးရေးစခန်းတွေကို ကုန်စည်တွေသယ် ယူပို့ဆောင်ရာမှာ အချိန်ကြန့်ကြာမှုတွေရှိတာနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိခဲ့တာကြောင့် ပိတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
‘လက်ရှိအချိန်အထိတော့ ကားတိုင်းကို မစစ်ဆေးသေးဘူး၊ သူတို့သတင်းရတဲ့ကား၊ မထင်တဲ့ကားတွေလောက်ပဲ စစ်ဆေးတယ်၊ ကားအစီးတိုင်းမစစ်ဆေးတဲ့အတွက် တော့ သိပ်ပြီးအချိန်ကြန့်ကြာမှုတွေတော့ မဖြစ်တော့ဘူး၊ နောက်တော့ ဘယ်လို လာမယ်မသိဘူး၊ တကယ်စစ်တော့မယ်ဆိုရင် နေရာအခက်အခဲကတော့ ဖြစ်မှာသေချာတယ်၊ ခုကအစပိုင်းမို့၊ ပြောရရင် ကားအစီးတိုင်းမစစ်သေးလို့ပါလို့ မန္တလေး- မူဆယ် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်နေတဲ့ကားဆရာဦးစိုးမင်းထက် က ပြောပါတယ်။

သည်စစ်ဆေးရေးစခန်းတွေကို၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ဖွင့် လှစ်ခဲ့တာဖြစ်ပြီး ကြပ်ကြပ်မတ်မတ် စစ်ဆေးမှုတွေကိုတော့ မတ်လ ၁ ရက်နေ့ လောက်မှစတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
‘ဒီဂိတ်ဖွင့်မယ်လို့ အကြောင်းကြားတုန်းက ဦးတို့အပါအဝင်တော်တော်များများက မကြိုက်ကြဘူး၊ သစ်သီးတွေဆိုပိုဆိုးတာပေါ့၊ အချိန်ကြန့်ကြာတယ်လေ၊ လက်ရှိအချိန်အထိ သစ်သီးကားတွေဆို မစစ်တဲ့အတွက် သစ်သီးပိုင်းတော့ဘာမှ မဖြစ်ပါဘူး၊ လာဘ်ပေးလာဘ်ယူတွေကတော့ မြန်မာပြည်မှာရှိနေသရွေ့ ကြုံနေရ မှာပဲ၊ ဒီလိုပဲပြောချင်တယ်လို့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်က ဥက္ကဋ္ဌ ဦးစိုင်းမောင်ညွန့်က ပြောပါတယ်။

တစ်နှစ်နဲ့ မရောင်းရတဲ့ ကား
မော်တော်ယာဉ်နဲ့ပတ်သက်ပြီး ပြောင်းလဲမှုတစ်ခုကတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေ နဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၇ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ် တင်သွင်းခြင်းနဲ့ပတ်သက်ပြီး ထုတ်လုပ်တဲ့ ခုနှစ်သတ်မှတ်တဲ့ အမိန့်ကြော်ငြာ စာမှာဆိုရင် လူစီးမော်တော်ယာဉ်များ ပုံမှန်လိုင်စင်လျှောက်ရာမှာ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းရှိ ဘယ်မောင်းတစ်မျိုးတည်းသာ သတ်မှတ်လိုက်တဲ့အတွက် ကားဝယ်တဲ့သူတွေအနေနဲ့ အခက်အခဲတွေနဲ့ကြုံကြသလို ကားဈေးတွေလည်း မြင့်တက်ခဲ့ပါတယ်။

‘အဓိက ကတော့ ဒီသတ်မှတ်ချက်ဟာ ကားအရောင်းပြခန်းတွေအတွက် သိပ်တော့အခက်အခဲမဖြစ်ပါဘူး၊ ဝယ်စီးကြတဲ့သူတွေအတွက်ဈေးကြီးပေးရတာ ပေါ့၊ Model Year ပြောင်းသတ်မှတ်လိုက်တာကိုး၊ အဓိကကတော့ အဲဒီလို ပြောင်းလဲ လိုက်တဲ့အတွက် ကားတွေဈေးကြီးပေးပြီးဝယ်ကြရတာပေါ့လို့ နေပြည်တော်ရှိ ကားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးချင်း ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းအတွက် သတ်မှတ်တဲ့ အမိန့်ကြော်ငြာစာမှာဆိုရင် လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်ပါမစ်လျှောက်ရာ မှာ အရင်ကလို ကိုယ်စားလှယ်တွေနဲ့လျှောက်ထားလို့ မရတော့ ဘဲ ကာယကံ ရှင်ကိုယ်တိုင် လာရောက်လျှောက်ထားမှရမှာဖြစ်ပါတယ်။သည်ပြောင်းလဲမှုဟာ ကားလုပ်ငန်းလုပ်တဲ့ ကိုယ်စားလှယ်တွေအတွက်ရော ကိုယ်တိုင်ကားဝယ်စီးတဲ့သူ တွေအတွက်ပါအခက် အခဲဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

မာရီခိုင်

Kumudra


No comments:

Post a Comment