Latest News

Wednesday, March 15, 2017

သန်လျင်မှာ ဘုန်းကြီးကျောင်းမီးလောင်မှုဖြစ်ပြီး ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူ

သန်လျင်မှာ ဘုန်းကြီးကျောင်းမီးလောင်မှုဖြစ်ပြီး ကျောင်းထိုင်

ဆရာတော် ပျံလွန်တော်မူ

ရန်ကုန်၊ မတ်လ ၁၅။ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ (၂)ရပ်ကွက် ရှိ စန္ဒဂုဏ်ရည်ဘုန်းကြီးကျောင်းမှာဒီကနေ့မနက် လေးနာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး ကျောင်းထိုင်ဆရာတော် ဦးစန္ဒသူရိယ ပျံလွန်တော်မူသွားခဲ့တယ်လို့သိရပါတယ်။

“ကျောင်းထဲမှာရှိတဲ့ အဲယားကွန်း ကနေပြီးတော့လောင်ကျွှမ်းသွားတာ ကျွန်တော်တို့မီးသတ်ကိုလည်း သတင်းပေးတာ နည်းနည်းနောက်ကျသွားတာ။

ဆရာတော်က မီးလောင်တော့ ထွက်မယ့် လုပ်တဲ့အချိန်မှာ ပိတ်မိသွားတာဖြစ်မယ်။ကျွန်တော်တို့လည်း ၀င်လည်းမရဘူးဖြစ်သွားတယ်။”လို့ သန်လျင်မီးသတ်ဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော် ဦးစန္ဒသူရိယက အသက် (၄၅)၊ ၀ါတော် (၂၅)ရှိပြီလို့လည်းသိရပါတယ်။

မီးလောင်မှုကြောင့် စုစုပေါင်း ငွေကျပ်ကိုးသိန်းနီးပါးဆုံးရူံးပြီး သန်လျင်မီးသတ်ဌာနကနေမီးငြိမ်းသတ်ယာဉ် ၁၀ စီး လူအင်အားပေါင်း ၂၀ နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ လည်းသိရပါတယ်။

နှင်းနှင်း

Kumudra


No comments:

Post a Comment