Latest News

Thursday, March 30, 2017

ရေပူနှင့်မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

ရေပူနှင့်မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ


နေပြည်တော် မတ် ၂၉

တရားမဝင် ကုန်စည်များတားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး မတ် ၂၈ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်  ကုန်သွယ်မှုယာဉ် ပို့ကုန် ၆၈၆ စီး၊ သွင်းကုန် ၈ဝ၃ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၃ စီး၊ သွင်းကုန် ၁၃၃ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ  မတ် ၂၈ ရက်တွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုငါးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄ သန်း ခန့်နှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ၁၁မှု ခန့်မှန်း တန်ဖိုးကျပ် ၇၂ ဒသမ ၈၂၃၅ သန်းခန့် စုစုပေါင်း ၁၆ မှု ခန့်မှန်းတန်ဖိုးကျပ် ၁၁၆ ဒသမ ၈၂၃၅ သန်းခန့် သိမ်းဆည်းရမိကြောင်း သိရသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် မတ် ၂၈ ရက်တွင် မြဝတီမှရန်ကုန်သို့ သွားရောက်မည့် Toyota Hiace ယာဉ်အား မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Cheers Beer ၃၃၀ ml (၁×၂၄ Can)၃၉၀ pkgs နှင့်သယ်ဆောင်သည့် ယာဉ်တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃ ဒသမ ၉ သန်းခန့်ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။  
                                       
(သတင်းစဉ်)

No comments:

Post a Comment