အချိန်ကား ၂၀၂၀ ရွေးကောက် ပွဲကြီး ကျင်းပ ပြီးသည့် ကာလ။
ယခုရွေးကောက် ပွဲတွင် ထူးခြားသည့် ဖြစ်ရပ် တစ်ခု ဖြစ်သွား ခဲ့သည်။ အာဏာရ နေသည့် အနီရောင် ပါတီနှင့် အဓိက အတိုက် အခံ အစိမ်းရောင် ပါတီတို့ မည်သူမျှ အနိုင် မရဘဲ ကြားပါတီသစ် တစ်ခု ဖောက်၍ အနိုင်ရ သွား၍ ဖြစ်သည်။
ယင်းပါတီ နာမည်က “အမျိုးသား ပျော်ရွှင်ရေး ပါတီ”(NHP) ဖြစ်သည်။
ပါတီ၏ အမတ်လောင်း များကို ရွေးချယ် ရာတွင် ဖျော်ဖြေရေး အတတ်ပညာ တစ်ခုခု တတ် မြောက်မှု အပေါ် မူတည် ၍ရွေးချယ် သည်။ ထို့ကြောင့် အမတ်လောင်း များသည် သရုပ် ဆောင်များ၊ အဆိုတော်များ၊ ဇာတ်မင်းသား များ၊ လူရွှင်တော်များ၊ မျက်လှည့် ဆရာများ၊ ကွက်စိတ် ဆရာနှင့် ရုပ်သံ အစီအစဉ် တင်ဆက်သူ များ ဖြစ်ကြသည်။ အိပ်မက် ဆုံ ရာ၊ မြန်မာ အိုင်ဒေါလ်၊ မြန်မာဂေါ့ တဲလန့် စသည့် အစီအစဉ် များမှ အနိုင် ရရှိသူများ ကိုလည်း ပါတီ ကိုယ်စားပြုကာ အမတ် လောင်း အရွေးခံ ခွင့်ပြုသည်။
ပါတီ၏ မဲဆွယ်ဆောင်ပုဒ် ကလည်း ရှင်းသည်။ “ပြည်သူ တောင်းသမျှ အကုန် ပေးမည်”ဟူ၏။
NHP ပါတီမှ အမတ်လောင်းများ မဲဆွယ် စည်းရုံး ပွဲပြုလုပ် လျှင် ပရိသတ် အ လွန် စည်ကားသည်။ အမတ်လောင်း အားလုံး က ဖျော်ဖြေရေး သမားများ ဖြစ်သဖြင့် ပရိသတ်ကို စင်ပေါ်တွင် နည်းမျိုးစုံဖြင့် ဖျော်ဖြေ ကြသည်။ သီချင်း ဆိုတတ်သူက သီချင်း ဆို ပြသည်။ လူရွှင်တော် များက ပြက်လုံးများ ထုတ်သည်။ ဇာတ်မင်း သား များက ကပြသည်။ မျက်လှည့် ဆရာများက မျက်လှည့်ပြ သည်။ ထို့ကြောင့် မဲဆွယ် ပွဲတိုင်းတွင် ပရိသတ်များ ကြက်ပျံ မကျ ဖြစ်နေ သည်။ ရုပ်သံမှ တစ်နိုင်ငံ လုံးကို ထုတ်လွှင့် သည့် ပါတီ ကိုယ်စားလှယ် များ၏ မဲဆွယ်မိန့်ခွန်း အစီအစဉ် တွင်ပင် စကား တစ်ခွန်းမှ မပြောဘဲ မျက်လှည့်ပြ လိုက်၊ သီချင်းဆိုပြ လိုက် လုပ်နေသည်။
သူ့အရပ်နှင့် သူ့ဇာတ် ကလည်း လိုက် ဖက် ညီသည်။ ရွေးကောက် ပွဲတွင် ပြည်သူ များက အဆိုပါ ဖျော်ဖြေရေး ပါတီကြီးကို တခဲ နက် မဲပေး ကြသည်။ တစ်နိုင်ငံလုံး တွင် အ မတ်လောင်း ၉၉.၉၉ ရာခိုင်နှုန်းဖြင့် သောင် ပြို ကမ်းပြို အနိုင်ရသည်။ အမတ်လောင်း တစ်ဦးက ကိုကိုးကျွန်း သို့ သွားရောက် မဲ ဆွယ်စဉ် သင်္ဘောမှောက်ပြီး ကွယ်လွန် သွား သဖြင့်သာ ရာနှုန်းပြည့် အနိုင် မရခြင်းဖြစ် သည်။ သမ္မတကို NHP ပါတီမှ မဲပေးတင် မြှောက်ခွင့် ရကာ အစိုးရ ဖွဲ့နိုင် ခဲ့သည်။
NHP ပါတီမှ သမ္မတ အဖြစ် ရွေးချယ် လိုက်သူမှာ ၀ါရင့် လူရွှင်တော် ကြီး တစ်ဦး ဖြစ်သည်။ သူက တစ်လ တစ်ခါ ရုပ်သံနှင့် ရေဒီယို များမှတဆင့် တစ်နိုင်ငံလုံးမှ ပြည်သူ များကို ဟာသမိန့် ခွန်းများ ပြောသည်။ ပြည်သူများ ကလည်း သမ္မတ၏ ဟာသ မိန့်ခွန်းကို လစဉ် လတိုင်း မပျက်မကွက် စောင့်၍ နား ထောင် ကြသည်။ အကွက်မြင် သူများက သမ္မတ ဟာသ မိန့်ခွန်း များကို စုထားပြီး နှစ်ချုပ် မိန့်ခွန်း မှတ်တမ်းခွေများ ရောင်းချရာ ၀က်ဝက်ကွဲ အောင်မြင်သည်။
အစိုးရ အဖွဲ့တွင်လည်း ဟာသများများ ပြောတတ်သည့် ပုဂ္ဂိုလ်များ ကိုပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ် များအဖြစ် ခန့်ထား သည်။ ၎င်းတို့က မီဒီယာ များကို ပြောသည့် စကား များကို ပြည်သူ များက စောင့်ဖတ်ပြီး တ၀ါးဝါး တဟားဟား နှင့် ပွဲကျ ကြသည်။ ထို့ကြောင့် သတင်းစာ၊ ဂျာနယ်များလည်း ရောင်းအားများ တဟုန် ထိုး မြင့်တက် လာလေသည်။
လွှတ်တော် အစီအစဉ်များ တိုက်ရိုက် ပြသသည့် လွှတ်တော် ချန်နယ် ရုပ်သံလိုင်းသည် ဟာသ လိုင်းများထက် ပိုရယ်ရသဖြင့် ကြည့်ရှုသူ အလွန် များပြားသည်။ လွှတ်တော် အမတ် များ တစ်ယောက်နှင့် တစ်ယောက် အတိုင်အ ဖောက် ညီညီဖြင့် ပြက်လုံးများ ထုတ်ကြ သည်။ လွှတ်တော် ဥက္ကကြီး ကလည်း တစ် ချက်တစ်ချက် ကိုယ်တိုင် ၀င်၍ ပြက်လုံး ထုတ် သည်။ အဆိုတော် အမတ်များ ကလည်း သူတို့ အလှည့်ရောက် သည်နှင့် သီချင်း တစ်ပုဒ်စီ ထထ ဆိုကြသည်။ ယခင် ကလို လွှတ်တော် အတွင်း အိပ်ငိုက်၊ အိပ်ပျော်နေ သည့် မြင် ကွင်းများ လုံးဝ မတွေ့ရတော့ သဖြင့် ပြည်သူ များ အလွန် ပင် နှစ်ထောင်း အားရ ဖြစ်ကြ သည်။
အမတ်မင်းများသည် ဟိတ်ဟန်လုံးဝ မထုတ်ကြ။ ကိုယ်ပိုင်ကား မဆိုထား နှင့်၊ လွှတ်တော်မှ စီစဉ်ပေးသော ဖယ်ရီကား ကိုပင် မစီးကြ။ လူငယ်ပိုင်း က လမ်းလျှောက် ပြီး လွှတ်တော် တက်ကြ သလို လူကြီး ပိုင်း ကလည်း ဆိုက်ကားဖြင့် လွှတ်တော် လာတက် ကြသည်။ ထို့ကြောင့် လွှတ် တော် အစည်းအဝေး ရှိသည့်နေ့ ဆိုလျှင် ဆိုက်ကားများ လွှတ်တော် ၀င်း အတွင်း၌ တရုန်းရုန်း ရှိကြသည်။
ထို့ပြင် ပြည်သူနှင့် တစ်သားတည်း နေ နိုင်ရန် အတွက် အမတ်များသည် အစိုးရက စီစဉ်ပေးသည့် အိမ်ရာ၊ လိုင်းခန်း၊ တည်းခို ရိပ်သာ များတွင် နေထိုင်ကြခြင်း မရှိကြပေ။ လမ်းဘေး အကြော် တဲ၊ ကင်းတဲနှင့် ဇရပ်များ ကို ရှာဖွေပြီး အိပ် ကြသည်။ ထို့ကြောင့် တစ်နေ့ တစ်နေ့ မှောင် ရိပ်ခို မှုဖြင့် အချုပ်ထဲ သွားအိပ် ရသည့် လွှတ် တော် အ မတ် များလည်း မနည်း လှပေ။ တစ် ခါတရံ တွင်လည်း သူဖုန်း စားနှင့် နေရာ လုရင်း ခွက်စောင်း ခုတ်ခံ ရသည့် လွှတ်တော် အမတ်များ လည်း ရှိသည်။
ပြည်သူများ အမြင် မကြည်မည်ကို စိုး ရိမ်သဖြင့် ခရိုနီ၊ ခရိုပြာ များနှင့်လည်း ပေါင်း သင်း ဆက်ဆံခြင်း မပြုကြ။ ယုတ်စွ အဆုံး အလုပ်အကိုင် ကောင်းကောင်း ရှိသူနှင့်ပင် မပေါင်းဘဲ သူဖုန်းစား၊ စဏ္ဍာလ၊ သုဘရာဇာ များဖြင့်သာ လက် ပွန်းတတီး နေလေ့ရှိသည်။ ဒါတောင် အမတ် တစ်ဦးက ဆိုက်ကား ဆရာများ တိုက် သည့် ဇေအရက် ကို တစ်ကြိမ် လိုက်သောက် မိသ ဖြင့် အဂတိ လိုက်စားသည် ဟုဆိုကာ ပါတီ ၀င် အဖြစ်မှ ရပ်စဲခံ လိုက်ရ ဖူးသည်။
အစိုးရ ပထမဆုံး တက်သည့် ဧပြီလ တွင် ယခင်အစိုးရ လက်ထက်က သတ်မှတ် ခဲ့သော သင်္ကြန်ပိတ်ရက် ငါးရက်အား ပြန် လည် တိုးမြှင့် သတ်မှတ်ပေးရန် ဆန္ဒပြ၍ တောင်းဆို ကြသည်။ အစိုးရက ဧပြီတစ်လ လုံးကို သင်္ကြန် ကာလအဖြစ် သတ်မှတ်ပေး လိုက်သည်။ စီးပွားဖြစ် မဏ္ဍပ်များ သာမက နေ့ရော ညပါ ၂၄ နာရီ ပတ်လုံး ၀ါးတား ပါတီ ရေပါတီများ ပြုလုပ် ခွင့်ပေး လိုက်သည်။
တဖန် လမ်းဘေးဈေး သည် များကလည်း လွတ်လပ်စွာ ဈေးရောင်းခွင့် ရလိုကြောင်း တောင်းဆို ကြရာ လမ်းဘေး တွင် သာမက လမ်းလယ်ခေါင် မျဉ်းပေါ် တွင်ပါ ဈေးတန်းများ ဖွင့်ပေး လိုက်သည်။ အလုပ် သမားများက လုပ် အားခ များ တိုးမြှင့် သတ်မှတ်ပေး ရန် တောင်း ဆိုရာ အစိုးရက အလုပ် သမားတိုင်းကို တစ် နေ့ သုံးသောင်း အနည်းဆုံး မပေးသည့် စက်ရုံကို တရားစွဲမည်ဟု ကြေညာလိုက်သည်။
အစိုးရ၏ လုပ်ရပ်များကြောင့် တစ်နိုင်ငံလုံး နေရာတိုင်း၌ ပြသနာ တက်ကုန်သည်။ မြို့ပေါ်တွင် ယာဉ်ကြောများ အားလုံး ပိတ်သွားပြီး ရှုတ်ယှက်ခတ် ဗြောင်းဆန် နေသလို စက်ရုံ အလုပ်ရုံများ အားလုံး လည်း ပိတ်ကုန်ပြီး တစ်နိုင်ငံလုံး နီးပါး အလုပ် လက်မဲ့ ဖြစ် သွားသည်။ ဆေးရုံများ၊ ထောင်များ တွင်လည်း လူများ မတန်တဆ ပြည့်နှက် ကုန်သည်။
သို့သော် ပြည်သူများ က အစိုးရကို အလွန် ချစ်သည်။ ပြည်သူ့ ဆန္ဒကို အလိုက်လျော နိုင်ဆုံး အစိုးရဟု ချီးကျုး ကြသည်။ တစ်ချို့ကဆိုလျှင် ရဖူးသမျှ အစိုးရများထဲတွင် အကောင်းဆုံး အစိုးရဟု ပင် သတ်မှတ် လိုက်ကြသည် ဟူ၏။
Zin Thaw Naing
Subscribe to:
Post Comments (Atom)
No comments:
Post a Comment