Latest News

Wednesday, March 8, 2017

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုများ ရပ်ဆိုင်းသင့်ဟု တရုတ်တိုက်တွန်း

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုများ ရပ်ဆိုင်းသင့်ဟု တရုတ်တိုက်တွန်း

ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ လျော့ချဖို့ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်နဲ့ နျူးကလီးယားစမ်းသပ်မှုတွေ ရပ်ဆိုင်းသင့်တယ်လို့ တရုတ်နိုင်ငံက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒါအတွက် တဖက်မှာလည်း မြောက်ကိုရီးယားကို ရန်စသလိုဖစ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုလည်း ရပ်ဆိုင်းသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက နှစ်ပတ်လည်လွှတ်တော်ညီလာခံတက်ရင်း သတင်းထောက်တွေကိုပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့က နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုကို ချိုးဖောက်ကာ ဂျပန်ရေပိုင်နက်ထဲကို ဒုံးကျည် ၄ စင်း ပစ်လွှတ်ခဲ့အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးက အခုလို အဆိုပြုတိုက်တွန်းလိုက်တာပါ။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကလည်း တောင်ကိုရီးယားနိုင်ငံမှာ THAAT အဆင့်မြင့် ဒုံးခွင်းဒုံးစနစ်ကို စတင်တပ်ဆင်နေပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ မျက်နှာချင်းဆိုင် အရှိန်နဲ့ မောင်းလာတဲ့ ရထား ၂ စင်း ထိပ်တိုက်တွေ့မယ့်ပုံဖြစ်နေပြီးနှစ်ဖက် တကယ်ထိပ်တိုက်တွေ့ဖို့ အဆင်သင့်ကောဖြစ်ရဲ့လား ဆိုပြီး ၀န်ကြီး ၀မ်ရီကမေးခွန်းထုတ်ခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်စစ်ရေးတင်းမာမှုကို လျော့ချဖို့ နှစ်ဖက်စလုံးက စစ်ရေးဆောင်ရွက်ချက် တွေကို ပထမဆုံး အရှိန်လျော့ဖို့ လိုအပ်မယ်လို့လည်း ၀န်ကြီး ၀မ်ရီကပြောဆိုခဲ့ပါတယ်။

DVB

No comments:

Post a Comment