Latest News

Wednesday, March 8, 2017

ပုသိမ်ကူးတို့ဆိပ်တွင် ရေထဲပြုတ်ကျ ကုန်ထမ်းမျိုးသမီးအား ၂ရက်ကြာမှ အလောင်းပြန်တွေ့



The Ayeyarwaddy Times
မောင်ရဲနိုင် ၈.၃.၂၀၁၇ (ပုသိမ်)

ပုသိမ် ကျောက်ငူသူကြီးကူးတို့ဆိပ်မှာ မတ်လ ၆ရက်နေ့က ကုန်ထမ်းမျိုးသမီးတဦး အလုပ်လုပ်ရင်း ရေထဲပြုတ်ကျခဲ့ရာ ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ အလောင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။

အမျိုးသမီးဟာ မတ်လ ၆ရက်နေ့ မနက်၈နာရီအချိန်ခန့်က
"စွမ်းရတနာ" ဘိလပ်မြေသင်္ဘော ပေါ်ကနေ ကားပေါ်သို့ ဘိလပ်မြေအိတ်ရွက်ကာသယ်ဆောင်စဉ် ကုန်းဘောင်ပေါ်မှ ခြေချော်ကာ ရေထဲ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။
အနီးအနားရှိ လုပ်သားများ ရေကူးကျွမ်းကျင်သူများက ရေငုတ်ရှာဖွေခဲ့သော်လည်း အမျိုးသမီးကို တွေ့ရှိခဲ့ခြင်းမရှိခဲ့ပေ။

အမျိုးသမီးမှာ အသက်၂၄နှစ်အရွယ် ကုန်ထမ်းလုပ်သမား မသဲမာဦး ဖြစ်ပြီး ရေနစ်သေဆုံးနေတဲ့ သူမရဲ့အလောင်းကို အချိန်၂ရက်ကြာ ဒီကနေ့မနက်ပိုင်းကမှ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
သေဆုံးအလောင်းကို ပုသိမ်ဆေးရုံကြီးသို့ ပရဟိတအဖွဲ့ကပို့ဆောင်ထားကြောင်းသိရပါတယ်။

လုပ်သားများအနေနဲ့ နေ့စဉ်ကူလီထမ်းရတဲ့ သင်္ဘောကုန်းဘောင်တံတားဟာ တပေခန့်သာရှိတာကြောင့် အန္တရာယ်များလှပါတယ်။
အလားတူရေထဲခြေချော်ပြုတ်ကျ အသက်အန္တရာယ် ထိုခိုက်မှုတွေမဖြစ်အောင် ကုန်ထမ်းလုပ်သားများအနေနဲ့ အထူးဂရုစိုက်ကာ လုပ်ငန်းလုပ်ကိုင်ဖို့လိုအပ်ပါတယ်။

The Ayeyarwaddy Times
ဓါတ်ပုံ - Aung Htet Paing

ရေနစ်သေဆုံး အလောင်းအား ၂ရက်ကြာမှ ပြန်လည်တွေ့ရှိစဉ်


No comments:

Post a Comment