Wednesday, March 8, 2017
နှစ်သစ်ကူး ရုံးပိတ်ရက် လျှော့ရန် စီစဉ်
နှစ်သစ်ကူး ရုံးပိတ်ရက် လျှော့ရန် စီစဉ်
ရန်ကုန်၊ မတ် ၈
မြန်မာနိုင်ငံတွင် နှစ်သစ်ကူး ရုံးပိတ်ရက်ကို ၁၀ ရက် သတ်မှတ်ထားခြင်းကြောင့် စီးပွားရေး လုပ်ငန်းများအတွက် ခက်ခဲနှောင့်နှေးခြင်းများ ဖြစ်နေ၍ ပိတ်ရက် ပြန်လည် လျှော့ချရန် စီစဉ် ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးဇော်ဌေးက ပြောကြားသည်။
နှစ်သစ်ကူး ရုံးပိတ်ရက်များ လျှော့ချရန် စီစဉ်နေသည်ဆိုသော သတင်းများ ထွက်ပေါ်နေ၍ The Voice က သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။
“အဓိက အချက်က ရုံးပိတ်ရက် ရှည်တဲ့အတွက် ဘဏ်ပိတ်ရက် များတာ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ဖြစ်တာစတဲ့ အဆင်မပြေမှုတွေကြာင့် ပိတ်ရက် လျှော့ဖို့ သုံးသပ်နေပါတယ်။ လောလောဆယ်ကတော့ ပိတ်ရက် လျှော့တာကြောင့် ဌာနဆိုင်ရာတွေ ဘာအဆင်မပြေ ဖြစ်နိုင်မလဲ သဘောထား မေးထားတုန်း ရှိပါသေးတယ်”ဟု ဦးဇော်ဌေးက ရှင်းပြသည်။
သို့သော် ယခုနှစ်တွင် စတင် လုပ်ဆောင်ရန် ရှိ မရှိကိုမူ ဖြေကြားနိုင်ခြင်း မရှိသေးဘဲ တရားဝင် ကြေညာမှသာ အတည်ဖြစ်မည်ဖြစ်ကြောင်း၊ လောလောဆယ် ဌာနဆိုင်ရာများကို သဘောထား တောင်းခံထားဆဲဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
The Voice
နှစ်သစ်ကူး ရုံးပိတ်ရက် လျှော့ရန် စီစဉ်
Reviewed by Ar Ti
on
5:36 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment