ဆင်းမ်ကဒ်တွေ မှတ်ပုံတင်ကြပါ
ဆင်းမ်ကဒ်မှတ်ပုံတင်ခြင်းတွေကို ၂၀၁၇ ခုနှစ်မတ်လ ၃၁ ရက်အထိ နောက်ဆုံးထားပြီး ပြုလုပ်ပေးပါ။ ဒီလိုမှမဟုတ်ရင်တော့ မိမိအသုံးပြုနေတဲ့ ဆင်မ်းကဒ်သည် ပိတ်သိမ်းခံရမှာဖြစ်ပါတယ်။
ဘာကြောင့်မှတ်ပုံတင်သင့်သလဲ။
အွန်လိုင်းမှဈေးဝယ်ခြင်း ကိစ္စရပ်များအတွက် မိုဘိုင်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ဘဏ်ဝန်ဆောင်မှုရယူခြင်းတို့ ဆောင်ရွက်ရာ၌ မှတ်ပုံတင်ပြီး ဆင်းမ်ကတ်များကို အထောက်အထားကောင်း တစ်ခုအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် ဆင်းမ်ကတ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းတို့အတွက်လည်း အဆိုပါ မှတ်ပုံတင်ထားသောဆင်းမ်ကတ်ဖြင့် ပိုင်ရှင်ဖြစ်ကြောင်း သက်သေခံနိုင်မည်ဖြစ်ပါတယ်။
ဘယ်လိုမှတ်ပုံတင်ရမလဲ
MPT
MPT Sim Card ကို Website မှ မှတ်ပုံတင်မယ်ဆိုရင်တော့ https://care.mpt.com.mm ကို Web Browser မှတဆင့်သွားပါ။ မိမိရဲ့ MPT ဖုန်းနံပါတ်ကိုထည့်ပါ။ GET ကိုနှိပ်ပါ။ အဲ့ဒီမှာ မိမိထည့်သွင်းထားခဲ့တဲ့ ဖုန်းနံပါတ်ဆီကို နံပါတ် ၅ လုံးပို့ပါလိမ့်မယ်။ စက္ကန့် ၁၀၀ မပြည့်ခင်မှာ အဲ့ဒီ နံပါတ် ၅ လုံးကို အတည်ပြုကုဒ်နေရာတွင်ထည့်ပြီး Login ဝင်ပါ။
ထိုသို့ဝင်ရောက်ပြီးပါက Customer Profile / ကိုယ်ရေးအချက်အလက် နေရာတွင် သုံးစွဲသူအမည်၊ မှတ်ပုံတင်အမှတ် နဲ့ ဓါတ်ပုံရိုက်ယူထားသော မိမိရဲ့မှတ်ပုံတင်အရှေ့ဘက်ပုံနဲ့ အနောက်ဘက်ပုံကို ထည့်ပြီး မှတ်ပုံတင်နိုင်ပါတယ်။
ပုံထဲမှာပြောထားသလိုလည်း မှတ်ပုံတင်နိုင်ပါတယ်။
Telenor
Ooredoo
MecTel
MPT နဲ့ MecTel ဆင်းမ်ကဒ်မှတ်ပုံတင်ခြင်းကတော့ တူတူပါပဲ။ Telenor နဲ့ Ooredoo ကတော့ သက်ဆိုင်ရာ Facebook စာမျက်နှာမှာ သွားရောက်မှတ်ပုံတင်နိုင်ပါတယ်။ ပုံများကိုကြည့်ပါ။
မှတ်ချက်။ ပုံများသည် သက်ဆိုင်ရာတရားဝင် Facebook စာမျက်နှာများမှ Screenshot ယူထားပါသည်။
Credit - Kanaung
Subscribe to:
Post Comments (Atom)
No comments:
Post a Comment