Latest News

Friday, March 17, 2017

ဝန်ကြီးချုပ်ကတော် စာသင်ကျောင်း ငွေလှူသည့်ကိစ္စ မဟုတ်မှန်ဟု ဂျပန်အစိုးရပြော

ဝန်ကြီးချုပ်ကတော် စာသင်ကျောင်း ငွေလှူသည့်ကိစ္စ မဟုတ်မှန်ဟု ဂျပန်အစိုးရပြော

ဂျပန်နိုင်ငံရေး ကျော်မကောင်း ကြားမကောင်းဖြစ်မှုရဲ့ အာရုံစိုက်စရာ ဖြစ်နေတဲ့ ကျောင်းကို ဂျပန်ဝန်ကြီးချုပ်ကတော်က ငွေလှူတယ်ဆိုတဲ့ကိစ္စ မဟုတ်မှန်ကြောင်း ဂျပန်အစိုးရ ပြောခွင့်ရက ဒီနေ့ ပြောလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ သူကိုယ်တိုင်ကရော သူ့ဇနီးကို ကြားခံအနေနဲ့ပါ သုံးပြီးတော့ ငွေမလှူခဲ့ဘူးလို့ အတည်ပြုပြီးပြီ။ ဂျပန်ဝန်ကြီးချုပ်ကတော်က သူ့သဘောနဲ့သူ လှူ၊ မလှူဆိုတာ အစိုးရက စစ်ဆေးနေတယ်လို့လည်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှိဟိဒဲစုငက မတ် ၁၆ ရက်နေ့က ပြောခဲ့ပါသေးတယ်။

ကျောင်းအုပ်ကြီးဟောင်းကတော့ ၀န်ကြီးချုပ် အာဘေးက လှူတဲ့ငွေတွေဟာ လာမယ့်လမှာ ဖွင့်ဖို့ စီစဉ်ထားတဲ့ မူလတန်းကျောင်းအတွက် ရန်ပုံငွေထဲမှာ ပါနေတယ်လို့ လွှတ်တော်အမတ် တအုပ်စုကို မတ် ၁၆ ရက်နေ့ အစောပိုင်းမှာ ပြောခဲ့တာပါ။

ကျောင်းအုပ်ကြီးက ရာထူးက နုတ်ထွက်စာ တင်ထားတယ်လို့ ပြောပါတယ်။ ကျောင်း တည်ထောင်သူ မိုရိတိုမိုဂခုအဲင်းရဲ့ ကျောင်းအတွက် မြေဆိုင်ရာ သဘောတူညီချက်တွေရော၊ ကျောင်းသစ်တည်ထောင်ဖို့ ဒေသခံ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ယူတဲ့နေရာမှာပါ သူရော၊ ဇနီးပါ ပတ်သက်မှုမရှိဘူးလို့ ဂျပန် ဝန်ကြီးချုပ်က ပြောပါတယ်။

ဂျပန်အနောက်ပိုင်းက မူကြိုကျောင်း ဖွင့်ထားတဲ့ ပညာရေးအုပ်စုတစုက  အစွန်းရောက် ရှေးရိုးစွဲ သင်ရိုးညွှန်းတမ်းနဲ့သင်မယ့် မူလတန်းကျောင်းကို ဖွင့်ဖို့စီစဉ်ရာမှာ ဂျပန်ဝန်ကြီးချုပ်ကတော် ပတ်သက်မှုရှိတယ်လို့ စွပ်စွဲခံနေရပါတယ်။

DVB

No comments:

Post a Comment