Latest News

Friday, March 17, 2017

မှတ်ပုံတင်ခြင်းမရှိသည့် ဆင်းကတ်များကို ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ယာယီပိတ်သိမ်းသွားမည်

မှတ်ပုံတင်ခြင်းမရှိသည့် ဆင်းကတ်များကို ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ယာယီပိတ်သိမ်းသွားမည်

နေပြည်တော် မတ် ၁၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးòန်ကြားမှုဦးစီးဌာန သည် SIM Card များ မှတ်ပုံတင်ရန်နှင့်စပ်လျဉ်း၍ နိုင်ငံပိုင်သတင်းစာများတွင် သုံးကြိမ် အသိပေးကြေညာခဲ့ပြီး မီဒီယာများတွင်လည်း အကြိမ်များ စွာ ကြေညာ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းဇယားများအရ နိုင်ငံတော်အတွင်း သုံးစွဲလျက်ရှိသောSIM Card စုစုပေါင်း ၅၁ သန်းကျော်အနက် ၃၇ သန်း ကျော်သာ မှတ်ပုံတင်ပြီးစီးကြောင်း သိရှိရသည်။

မှတ်ပုံတင်ခြင်းမရှိသည့်SIM Card များကို ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ယာယီပိတ်သိမ်းသွားမည်ဖြစ်ပါသဖြင့် Mobile တယ်လီဖုန်းသုံးစွဲသူ အများပြည်သူ များအနေဖြင့် မိမိတို့အသုံးပြုလျက်ရှိသော မိုဘိုင်း တယ်လီဖုန်းများ ဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် သုံးစွဲလျက် ရှိသောSIM Card များအား သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေ တာများနှင့် ဆက်သွယ်၍ အမြန်ဆုံးမှတ်ပုံတင်ကြပါရန် ဆက်သွယ်ရေးòန်ကြားမှုဦးစီးဌာန ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှထပ်မံတိုက်တွန်း နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment