ကယားပြည်နယ်မှာ တစ်နှစ် အတွင်း မှောင်ခို သစ်တန်ချိန်ြေေခြောက်ရာနီးပါးဖမ်း
မိ
ကယားပြည်နယ်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရသစ်တက်လာပြီး တစ်နှစ်အတွင်းမှာ တရားမဝင်သစ်တန်ချိန် ခြောက်ရာလောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
မှောင်ခိုသစ် ခိုးထုတ်ဖို့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက အရင်းအနှီးငွေ ထုတ်ပေးနေတာဖြစ်ပြီး သစ်မှောင်ခို လုပ်ငန်း လုပ်ကိုင်နေတဲ့ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ရှိနေတဲ့အတွက် ဖမ်းဆီးဖို့ ခက်ခဲနေ တယ်လို့ ကယားပြည်နယ်အစိုးရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးတီရယ် ကပြောပါတယ်။
"မှောင်ခိုထုတ်တာက သူဌေးက ဟိုးရန်ကုန်မန္တလေးမှာရှိတယ်၊ မောင်နီ နင်ငါ့ဆီကပိုက်ဆံ သိန်းတစ် ထောင်ယူသွား ရန်ကုန်ကို သစ်ဒီလောက်ပို့ပေး ဒီလိုမျိုးပြောပြီး သူတို့လုပ်တာ သူတို့လက်နက်ကိုင်အဖွဲ့အစည်းမရှိလို့ ကျနော်တို့သွားဖမ်းရဲတာ လက်နက်ကိုင်အဖွဲ့အစည်းရှိရင် ကျနော်တို့သွားမဖမ်းရဲဘူး၊ သူတို့အခုက တံဆိပ်မဝတ်တော့ဘူး ဒီအတိုင်းပဲကိုင်တယ်ဗျ"
ဖမ်းဆီးရမိတဲ့သစ်တွေဟာ သစ်အလုံးလိုက်နဲ့
ခွဲထားပြီးသားဖြစ်တဲ့ ကျွန်းသစ်၊ သစ်မာနဲ့  အခြားသစ်အမျိုးအစားတွေ ပါဝင်နေပြီး မယ်စဲ့မြို့နယ်နဲ့ ဘောလခဲမြို့ နယ်က ရွာသစ်ဒေသကနေ အများဆုံး မှောင်ခိုထုတ်ယူနေတာဖြစ်တယ် လို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့သစ်တွေကို သစ်တောဥပဒေ ပုံစံ ၈ အရ သစ်စက်လိုင်စင်ရှိတဲ့လူကို ပြန်လည်ရောင်းချပေးမယ် လို့ သိရပါတယ်။
သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရတက်ပြီးနောက်ပိုင်း သစ်ထုတ်လုပ်ခွင့်ကို တစ်နှစ်ပိတ်ပင်ထားပေမဲ့ နိုင်ငံ အနှံ့မှာ သစ်ခိုးထုတ်သူတွေရှိနေပြီး မကြာခဏ ဖမ်းဆီးရမိနေတာဖြစ်ပါတယ်။
Photo: Nay Thwae/ RFA
Friday, March 24, 2017
ကယားပြည်နယ်မှာ တစ်နှစ် အတွင်း မှောင်ခို သစ်တန်ချိန် ခြောက်ရာနီးပါးဖမ်းမိ
ကယားပြည်နယ်မှာ တစ်နှစ် အတွင်း မှောင်ခို သစ်တန်ချိန် ခြောက်ရာနီးပါးဖမ်းမိ
Reviewed by Ar Ti
on
4:46 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment