Latest News

Thursday, March 16, 2017

မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးကို အင်တာပိုလ် အလိုရှိစာရင်းထဲ ထည့်သွင်း

မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးကို အင်တာပိုလ် အလိုရှိစာရင်းထဲ ထည့်သွင်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကို ကင်ဂျုံနမ်ကို သတ်ဖြတ်မှုနဲ့ ဆက်နွယ်သူလို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) က “အလိုရှိ” စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ မလေးရှားရဲချုပ်က မတ် ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဒီ ၄ ယောက်လုံးဟာ ကင်ဂျုံနမ် အသတ်ခံရတဲ့နေ့က ကွာလာလမ်ပူလေဆိပ်မှာ ရှိခဲ့ကြတယ်လို့ မလေးရှားနိုင်ငံက ဆိုပါတယ်။

အဲဒီနောက်ပိုင်း ၄ ယောက်လုံး မလေးရှားနိုင်ငံကနေ ထွက်ခွာသွားကြပြီး မြောက်ကိုရီးယားနိုင်ငံကို ပြန်ရောက်နေကြပြီလို့ ယုံကြည်နေကြပါတယ်။

ဒီ အလိုရှိစာရင်းဟာ နိုင်ငံတကာဖမ်းဝရမ်းအဆင့်လောက် ဖြစ်ပေမယ့် မြောက်ကိုရီးယားနိုင်ငံက အင်တာပိုလ်အဖွဲ့ဝင်မဟုတ်လို့ သူတို့ကို မဖမ်းဆီးနိုင်လောက်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဗီယက်နမ်နိုင်ငံသူတဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသူတဦးတို့ကို မလေးရှားရဲတပ်ဖွဲ့က လူသတ်မှုစွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးနေပါတယ်။

ကင်ဂျုံနမ်ကို သတ်ဖြတ်မှုမှာ မြောက်ကိုရီးယားအစိုးရ အဓိက ပါဝင်ပတ်သက်တယ်လို့ မလေးရှားနိုင်ငံက တိုက်ရိုက်မစွပ်စွဲပေမယ့် လူအများအပြားက ဒီလိုပဲ ယုံကြည်နေကြတာပါ။

အခု ဒီ ၄ ယောက်ထဲက ၃ ယောက်ဟာ မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးထဲမှာ ရှိမယ်လို့ ယုံကြည်ပြီး သူတို့ကို လွှဲပြောင်းပေးဖို့ မလေးရှားအစိုးရက တောင်းဆိုခဲ့ပါသေးတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ စွပ်စွဲမှုတွေကို အပြင်းအထန် ငြင်းဆန်ထားပြီး ကင်ဂျုံနမ်ရဲ့အလောင်းကို လွှဲပြောင်းပေးဖို့လည်း တောင်းခံထားပါတယ်။

DVB

No comments:

Post a Comment