Latest News

Thursday, March 16, 2017

မအီမြို့တွင်​ လူသတ်​မှု ဖြစ်​ပွား

မအီမြို့တွင်​ လူသတ်​မှု ဖြစ်​ပွာ


မတ် ၁၅ ရက်၊ ည ၉ နာရီခန့်က တောင်ကုတ်မြို့နယ်၊ မအီမြို့၊ သဒ္ဒ္ဒန်ကျေးရွာအုပ်စု တောင်ပေါ်ရှိ ကျွန်းစိုက်ခင်းမှာ ပေါင်းရှင်း၊ ကျပန်းလုပ်ကိုင်နေသူ အချင်းချင်း စကားများခဲ့ရာမှ မှိန်းဖြင့် ထိုးသတ်တဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူ ဦးတင်မောင်ဟာ သဒ္ဒန်အုပ်စု၊ ဝက်ရတောင်ပေါ် ကျွန်းစိုက်ခင်းမှာ အလုပ်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တဲနီးနားချင်း ဦးမောင်သန်းခင်နဲ့ တခြားလုပ်သားများကို ဆဲဆိုပြီး ဓားဖြင့် ခြိမ်းခြောက်ခဲ့တာကို ဦးမောင်သန်းခင်က ရန်ငြိုးထားပြီး ဦးတင်မောင် သူ့တဲမှာ အိပ်ပျော်နေချိန် မတ် ၁၅ ရက် ည ၉ နာရီခန့်က ငါးထိုးတဲ့မှိန်းနဲ့ တချက်တည်း ထိုးသတ်ခဲ့တာကြောင့် ဦးတင်မောင် သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တရားခံ ဦးမောင်သန်းခင်ကို မတ် ၁၆ ရက် ညနေပိုင်းတွင် ယင်းအုပ်စု လင်းတိတောအတွင်း ရှာဖွေတွေ့ရှိပြီး ဖမ်းဆိးရမိခဲ့ပြီး မအီရဲစခန်းက (ပ)၁၇/၁၇ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပါတယ်။

မအီမြို့မှာ ဇန်နဝါရီလအတွင်းကလည်း ဘုရားပွဲခင်းအတွင်း ရန်ဖြစ်သူများကို ဝင်ရောက်ဖျန်ဖြေတဲ့ ရဲတင်ဖွဲ့ဝင်တဦး ဓားဖြင့်ထိုးသတ်ခံခဲ့ရပြီး သေဆုံးမှု ဖြစ်ခဲ့ဖူးပါတယ်။

သတင်း - ကိုအောင်၊ ဓာတ်ပုံ - CJ ( DBV )

No comments:

Post a Comment