Latest News

Sunday, March 26, 2017

မောင်တောမြို့နယ် ခရေမြိုင်ရဲစခန်းတွင် ရဲတပ်သားတဦး နဖူးဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံး

မောင်တောမြို့နယ် ခရေမြိုင်ရဲစခန်းတွင် ရဲတပ်သားတဦး နဖူးဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံ


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ရဲစခန်းမှာ  ရဲတပ်သားတဦး နဖူးဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။

မတ်လ ၂၆ ရက်နေ့ မနက်ပိုင်း ၅ နာရီခန့်မှာ မောရဝတီရဲကင်း တာဝန်ကျနေရာမှာ သေနတ်သံ ကြားတဲ့အတွက် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးတဲ့အခါ ရဲတပ်သား ထွန်းသက်အောင် ကို နဖူးအောက် ၂ လက်မခန့်အကွာမှာ ဖောက်ဝင်ဒဏ်ရာတချက်နဲ့ သူ ကိုင်ဆောင်ထားတဲ့ သေနတ်ပေါ်မှာ မှောက်လျက် သေဆုံးနေတာ တွေ့ခဲ့ရတာပါ။

လတ်တလောစိစစ်ချက်များအရ မတ်လ ၂၅ ရက်နေ့ညမှာ အမျိုးသမီးတဦးကို လက်ဆွဲပြီး မဖွယ်မရာ ပြောတယ်ဆိုပြီး အဲဒီအမျိုးသမီးက စွပ်စွဲတိုင်တန်းတာ ခံခဲ့ရတဲ့အတွက် အရှက်ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ ယူဆထားပြီး သူ့ရဲ့ လက်ကိုင်ဖုန်းထဲမှာ စွပ်စွဲခံရတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာမရှိဘဲ အလွန်အရှက်ရကြောင်း၊ မည်သို့မျှ ဖြေရှင်း၍ မရနိုင်ကြောင်း မိနစ် လေးဆယ်နီးပါး ပြောဆိုအသံသွင်းထားတဲ့ အသံဖိုင်တခုကို တွေ့ရှိခဲ့ရတယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။

သေဆုံးသူ ရဲတပ်သား ထွန်းသက်အောင်ဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီး မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းရွာက ဖြစ်တယ်လို့ သိရှိရပါတယ်။ သူ့ရဲ့အလောင်းကို အလယ်သံကျော် ဆေးရုံကို ပို့ဆောင် စစ်ဆေးနေပြီး အလယ်သံကျော်စခန်းမှာ သေမှုသေခင်းအမှတ် ၃/၂ဝ၁၇ နဲ့ ရေးဖွင့်ထားပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်( DVB )


No comments:

Post a Comment