Latest News

Tuesday, March 21, 2017

သားငယ်နဲ့ ဘီလီလမင်းအေး ပါဝင်ဖျော်ဖြေမယ့် မန်းသင်္ကြန်

သားငယ်နဲ့ ဘီလီလမင်းအေး ပါဝင်ဖျော်ဖြေမယ့် မန်းသင်္ကြန်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကမ်းလှမ်းခဲ့တာပါ။

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ ဖိုင်နယ်အဆင့်ကို ရောက်ရှိနေတဲ့ သားငယ်နဲ့ ဘီလီလမင်းအေးတို့က မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်မှာ လာရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်။

သားငယ်နဲ့ ဘီလီလမင်းအေးကို   မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ကို လာရောက်ဖျော်ဖြေဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကမ်းလှမ်းခဲ့ပြီး ကာယကံရှင်တွေကလည်း  ဖျော်ဖြေမယ်လို့ ကတိပြုထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်  ဦးကျော်ရင်မြင့်က ပြောပါတယ်။

‘‘သူတို့စာချုပ်တွေရှိတာတော့ ဟုတ်တယ်။ ဒါပေမဲ့ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်မှာ နှစ်ရက်ဖျော်ဖြေဖို့ ကမ်းလှမ်းလိုက် တယ်။ ဒါကိုသူတို့တာဝန်ရှိသူတွေဘက်က ဖြစ်အောင်လုပ်ပေး ပါမယ်လို့ ကျွန်တော်တို့ကို ကတိပေးတယ်’’ဟု ဦးကျော်ရင်မြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါ ပြိုင်ပွဲမှာ မန္တလေးမြို့ခံပြိုင်ပွဲဝင် ဇော်မင်းဦးကို မန္တလေးမြို့ကို လာရောက်ဖျော်ဖြေဖို့ ကုမ္ပဏီတစ်ခုက ကမ်းလှမ်းခဲ့ပေမယ့်  ပြိုင်ပွဲစာချုပ်တွေကြောင့် ဖျော်ဖြေခွင့် မရခဲ့ပေ။

မန္တလေးမြို့ မဟာသင်္ကြန် မဏ္ဍပ်မှာ ဖျော်ဖြေရေးအစီအစဉ်တွေအဖြစ် အင်ပါယာတီးဝိုင်းနဲ့ အဆိုတော်ဇော်ဝင်းထွဋ်ကို ငှားရမ်းထားပြီး စိန်ဒူဝါးဆိုင်း ၀ိုင်း၊ မန်းစည်ပင်ဆိုင်းဝိုင်းနှင့် စည်ပင်ယိမ်းအကအဖွဲ့တို့က ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားမဏ္ဍပ်တွေမှာ လာရောက်ဖျော်ဖြေမယ့် နာမည်ကြီးအဆိုတော်တွေနဲ့ အနုပညာရှင်တွေက မြို့တော် မဟာသင်္ကြန်မဏ္ဍပ်မှာ နေ့စဉ်အလှည့်ကျ ဖျော်ဖြေဖို့ သဘောတူညီမှုတွေ  ရရှိထားတယ်လို့ သိရပါတယ်။
Source : 7DayDaily:Duwun


No comments:

Post a Comment