Latest News

Friday, March 17, 2017

မက္ကဆီကို မူးယစ်ရာဇာ၏သား အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်

မက္ကဆီကို မူးယစ်ရာဇာ၏သား အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်

မက္ကဆီကိုနိုင်ငံက နာမည်အဆိုးဆုံး မူးယစ်ရာဇာတယောက်ရဲ့သားဟာ နိုင်ငံ အနောက်မြောက်ပိုင်း ကူလီယာကံမြို့က ထောင်ကနေ လွတ်မြောက်သွားပါတယ်။

ထောင်ကနေ ပျောက်ဆုံးသူ အယ်လ်နီဂရိုးဟာ စီနာလိုအာ မူးယစ်ဂိုဏ်းခေါင်းဆောင်လို့ သံသယရှိသူ ဟွမ်ဟိုဆေး အဲ့စ်ပါရာဂိုဇာ မွန်ဇွန်ပါ။ သူ့ကို အမေရိကန်ဆီ အကျဉ်းသားအဖြစ် လွှဲပေးဖို့ အမေရိကန်က တောင်းဆိုစာထုတ်အပြီးမှာ ခုလို ပျောက်သွားတာ ဖြစ်ပါတယ်။

အကျဉ်းသား အယောက် ၂၅၀၀ ရှိတဲ့ ထောင်ထဲမှာ သူကလွဲပြီး တခြား ပျောက်ဆုံးသူ မရှိပါဘူး။

မွန်ဇွန်ဟာ ရာဇဝတ်ဂိုဏ်းအတွက်၊ ငွေမည်းခဝါချမှုအတွက်ရော တီဟွာနာနဲ့ မက်စီကာလီ နယ်စပ်မြို့တွေက အကြမ်းဖက်မှုတွေအတွက်ပါ တာဝန်ရှိတယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ပြောပါတယ်။

သူဟာ စီနာလိုအာဂိုဏ်းအသင်းချုပ်ဟောင်း ယွာချင်အယ်လ်ချာပို ဂဲ့ဇ်မန်းရဲ့ သားပါ။ အယ်လ်ချာပိုကတော့ အမေရိကန် ထောင်ထဲမှာ တရားစီရင်ချက်ကို စောင့်နေချိန် ၂၀၁၄ ခုနှစ်က သေဆုံးတယ်လို့ အစီရင်ခံထားပါတယ်။

DVB

No comments:

Post a Comment