Latest News

Monday, March 6, 2017

အနည်းဆုံးလုပ်ခလစာကို ဒီနှစ်ထဲမှာ ပြောင်းလဲပြင်ဆင် သတ်မှတ်မယ်

အနည်းဆုံးလုပ်ခလစာကို ဒီနှစ်ထဲမှာ ပြောင်းလဲပြင်ဆင် သတ်မှတ်မယ်


အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာကို ဒီနှစ်ထဲမှာ ပြောင်းလဲသတ်မှတ်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

၂၀၁၅ မှာ သတ်မှတ်ခဲ့တဲ့ အနည်းဆုံး လုပ်ခလစာကို ပြန်သုံးသပ်ပြီး လုပ်ခနှုန်းထားပြောင်းလဲနိုင်ရေး လုပ်ဆောင်နေတယ်လို့ မတ်လ ၄ ရက်နေ့က မင်္ဂလာဒုံမှာလုပ်တဲ့ လူမှုဖူလှုံရေး- ကဲဝဲလ် ဆေးခန်းဖွင့်ပွဲ မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

"အနည်းဆုံးအခကြေးငွေပြောင်းဖို့ဆိုတာက အလုပ်ရှင်၊အလုပ်သမား၊ကျွမ်းကျင်ပညာရှင်တွေအကုန်လုံး ပူးပေါင်းပြီး လုပ်ရမှာပါ။ အနည်းဆုံးအခကြေးငွေပြောင်းဖို့ရှိပါတယ်။ ပြောင်းဖို့အတွက်လည်း လုပ်နေတာဖြစ်ပါတယ်" လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ ဦးသိန်းဆွေက ပြောပါတယ်။


အလုပ်သမားတစ်ဦးရဲ့ အနည်းဆုံးတစ်ရက်လုပ်ခကို ကျပ် ၃၆၀၀ ကို ၂၀၁၅ ခုနှစ်သြဂုတ်လ ၂၉ ရက်က အတည်ပြုသတ်မှတ်ပေးခဲ့တာဖြစ်ပြီး တစ်ရက်လုပ်ခ ၃၆၀၀ က စားဝတ်နေရေးအတွက် လုံလောက်မှုမရှိတာကြောင့် အလုပ်သမားတွေ ဘက်က တစ်ရက်လုပ်ခ ၅၆၀၀ လောက်ရဖို့ လိုအပ်တာကြောင့် တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် တစ်ရက်လုပ်ခ ဘယ်လောက်ပြောင်းလဲမယ်ကို ကြိုတင်မတွက်ဆနိုင်သေးဘဲ အမျိုးသားကော်မတီရဲ့ လေ့လာတွေ့ရှိချက်တွေ၊ အလုပ်ရှင်၊အလုပ်သမားတွေညှိနှိုင်းချက်တွေ
အပေါ်မှာ မူတည်နေတယ်လို့ ကော်မတီအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။  အနည်းဆုံးလုပ်ခလစာကို ပြန်လည်သုံးသပ်ဖို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖေဖော်ဝါရီ ၁၆ မှာ ဖွဲ့စည်းခဲ့ပါတယ်။

ကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကိုတော့ မတ်လ ၈ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး အနည်းဆုံးလုပ်ခစာသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။

Source : 7DayDaily : Duwun

No comments:

Post a Comment