Latest News

Friday, March 10, 2017

အခွန်အကောက်ဥပဒေတွေ မပြောင်းလဲမီ စလစ်ကပ်ကားတွေ ဝယ်ယူမှုများနေ

အခွန်အကောက်ဥပဒေတွေ မပြောင်းလဲမီ စလစ်ကပ်ကားတွေ ဝယ်ယူမှုများနေ

လက်ရှိဈေးကွက်အတွင်းမှာ စလစ်ကပ်ကားတွေဝယ်ယူတာ များပြားနေပါတယ်။

ရန်ကုန်၊ မတ် ၇- အခွန်အကောက်ဥပဒေတွေ မပြောင်းလဲမီ စလစ်ကပ်ကားတွေ အရောင်းအဝယ် ပုံမှန်ရှိနေတယ် လို့ သိရတယ်။

‘အခုရက်ပိုင်းမှာ အရောင်းအဝယ်ပုံမှန်ရှိလာပါတယ်၊ နယ်အဝယ်တွေပါ ဆက်တိုက်ဆင်းလာတဲ့အတွက် အရောင်းအဝယ် ဖြစ်လာပါတယ်၊ ဖရီးပါမစ်ကားတွေထက် စလစ်ကပ်ကားတွေက ပိုအရောင်းအဝယ် ရှိနေပြီး စလစ်ကပ်ကားထဲက ဝှစ်ရှ်၊ အယ်လ်ဖတ်နဲ့ ကလူဂါ ကားအမျိုး အစားတွေ အရောင်းအဝယ် ဖြစ်တာများတယ်”လို့ သီရိမင်္ဂလာကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုအောင်ကျော်ထွန်းက ပြောတယ်။

အဝယ်လိုက် စလစ်ကပ်ကားတွေ

အခွန်အကောက်ပဒေတွေ မပြောင်းလဲမီ ကားတွေ ဝယ်ယူလာကြတဲ့အတွက် ကားအရောင်း စင်တာတွေနဲ့ ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ အရောင်းအဝယ် ပြန်ရှိလာပါတယ်။

KL Seven Auto Services Co.,Ltd ရဲ့   မန်နေးဂျင်းဒါရိုက်တာ ကိုကြည်သာဟန်က ရန်ကုန်လိုင်စင်နဲ့ရတဲ့ စလစ်ကပ်ကားတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ဖို့ ရက်ပိုင်းပဲ ကျန်ပါတော့တယ်။ စလစ်ကပ်ကားတွေ ဖြစ်တဲ့ ဝှစ်ရှ်၊ အယ်လ်ဖတ်၊ ကလူဂါ၊ မာ့ခ် အိက်စ်၊ ကရောင်း၊ ဘင်ဂတ်နဲ့ လန်ခရူဇာစတဲ့ကားအမျိုးအစားတွေ ဝယ်ယူမယ်ဆိုရင် မတ်လ ဒုတိယ ပတ်မတိုင်မီ ဝယ်ယူသင့်ပါတယ်။ စလစ်ကပ်ကားတွေ ဖြစ်လို့ ယာဉ်ဟောင်းအပ်၊ သံရည်ကျိုပို့ ၊ နံပါတ်ယူစတဲ့ လုပ်ငန်းစဉ်တွ လုပ်ဆောင်ဖို့ အချိန်နှစ်ပတ်လောက် ယူရပါတယ်။ အဲဒါကြောင့် မတ်လ ဒုတိယပတ်အတွင်း ဝယ်သူတွေသာ မတ်လအတွင်း ကညနလုပ်ငန်းစဉ်တွေ ဆောင်ရွက်လို့ပြီးစီး နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လာမယ့် ဧပြီလကစပြီး စလစ်ကပ် ကားတွေက ကြိုတင်ဝင်ငွေခွန် ထပ်ဆောင်းပေးရတော့မှာကြောင့် မတ်လထဲမှာ ကနဦး ယာဉ်မှတ်ပုံ တင်တဲ့ကိစ္စတွေအပြီး ဆောင်ရွက်ထားမှသာ စလစ်ကပ်ကားတွေက ဝင်ငွေခွန်ပေးဆောင်စရာ မလိုဘဲ ဝယ်ယူစီးနင်းနိုင်မှာ ဖြစ်တယ်။ အဲဒါကြောင့် လက်ရှိဈေးကွက်အတွင်းမှာ စလစ်ကပ်ကားတွေ ဝယ်ယူတာ များပြားနေပါတယ်။

စလစ်ဈေးလည် မာ

စလစ်ကပ်ကားတွေ အရောင်းအဝယ်ရှိနေသလို ဧပြီမတိုင်မီ စလစ်ကပ်နံပါတ်ယူတဲ့ သူတွေများနေတဲ့အတွက် စလစ်အရောင်းအဝယ်ကောင်းနေပြီး စလစ်ဈေးမာနေပါတယ်။  လက်ရှိမှာ အမည်ပေါက်စလစ်တစ်စောင်ရဲ့ ဈေးနှုန်း က ကျပ်သိန်း ၁၂၀ ဝန်းကျင်အထိ မြင့်တက်ပြီး ဈေးမာနေတာဖြစ် တယ်။ လာမယ့်အပတ်အတွင်းမှာ စလစ်ကပ်ကားတွေ စလစ်ကပ်နံပါတ်ယူတာတွေ ပိုများလာနိုင်တဲ့အတွက် အမည်ပေါက်စလစ်တစ်စောင်ရဲ့ ဈေးနှုန်းက သည်ထက်ပိုမြင့်တက်လာနိုင်ပါတယ်။

ဖရီးပါမစ်ကားတွေထဲမှာတော့ နယ်လိုင်စင်ကားတွေထက် ရန်ကုန်လိုင်စင် ကားနံပါတ်ထွက်ပြီးသားကားတွေ ပိုအရောင်းအဝယ် ဖြစ်ပါတယ်။ အဲဒါက စလစ်ကပ်လို အခွန်အပြောင်းအလဲသိပ်မရှိတဲ့အတွက် ပွိုင့်သရီးဝယ်ရင် ဈေးအပြောင်းအလဲမရှိနိုင်ဘူးလို့ တွက်ချက်မှုတွေ ရှိသလို ပွိုင့်သရီးကို စလစ်ကပ်ရင်လည်း ကျပ်သိန်း ၁၀ဝကျော် စလစ်ကပ်ရတော့မှာမို့ အင်ဂျင်ပါဝါ ကြီးတဲ့ကားတွေ ရွေးချယ်မှု ပိုများလာတာလည်း ဖြစ်ပါတယ်။ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ မော် ဒယ် ဖရီးပါမစ်နဲ့ တင်သွင်းရင်လည်း ကားတန်ဖိုးက ဘရန်းနယူး နီးပါး ဖြစ်လို့ ဖရီးပါမစ်နဲ့ တင်သွင်းတဲ့ သူလည်း နည်းပါးလာပါတယ်လို့ ကားတင်သွင်းရောင်းချသူတွေက သုံးသပ်ပါတယ်။

Author အောင်ထွန်းဦး

Kumudra

No comments:

Post a Comment