Latest News

Friday, March 10, 2017

အိမ်သန့်ရှင်းရာက ငွေတုသိန်း၁၃၀၀ တွေ့ရှိ

အိမ်သန့်ရှင်းရာက ငွေတုသိန်း၁၃၀၀ တွေ့ရှိ

မြောက်ဒဂုံ ၄၇ ရပ်ကွက်တွင်အိမ်ငှားဖို့ သန့် ရှင်းရေးလုပ်ရာက တစ်သောင်းတန်ငွေစက္ကူအတု သိန်း ၁၃၀၀ တွေ့ ရှိခဲ့ပါတယ်
ဖြစ်စဉ်မှာ ယနေ့ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် ၄၇ ရပ်ကွက်၊ ရသာရုံလမ်းတွင် အိမ်ငှားတစ် ဦးပြောင်းသွားလို့ နောက်ထက်အိမ်ငှားတင်ရန် အိမ်နီး ချင်းတစ်ဦးက အိမ်သန့် ရှင်းရေးဝင်လုပ်စဉ် နေအိမ်အိပ်ခန်းအတွင်း ကုတင်အောက်မှာ အမဲရောင် ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားတဲ့ မိုပြာရောင်အိတ်ထဲက တစ်သောင်းတန်ငွေစက္ကူတွေတွေ့ လို့  သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူးကို ဆက်သွယ်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ က သွားရောက်သိမ်းဆည်းစစ်ဆေးရာ တစ်သောင်းတန်၊ ဆယ်သိန်းအုပ်၊ ဆယ်အုပ်ပါ သိန်းတစ်ထောင်အစီး (၁၃) စီး စုစုပေါင်းငွေသိန်းတစ်ထောင့်သုံးရာကို တွေ့ရှိတာဖြစ်ပါတယ်။

တစ်သောင်းတန်အတုများတွေ့ သည့်အခင်းဖြစ်အိမ်မှာ ယခင်က တစ်လကို ငွေရှစ်သောင်း ကျပ်ဖြင့် အိမ်ပွဲစား ဒေါ်မိမိအောင်က တစ်ဆင့် ဦးသိန်းကျော် (၂၇)နှစ် (ချင်းလူမျိုး)နိုင်ငံသားမှတ်ပုံ တင်အမှတ် …ကို ခြောက်လ ငှားရမ်းခဲ့နေထိုင်ခဲ့ပြီး အိမ်ငှားဖြစ်သူ ဦးသိန်းကျော်ဟာ ၂၀၁၇ ခု နှစ် ဖေဖော်ဝါရီလ ကပတ်ဝန်းကျင် နေအိမ်များကိုနုတ်ဆက်ကာ အိမ်ပြောင်းသွားကြောင်းသိရတယ်။


လူမွန်

Kumudra

No comments:

Post a Comment