Latest News

Monday, March 6, 2017

အမ်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွား

အမ်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွား


အမ်း မတ်လ ( ၆ )ရက်

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင် ၊ အမ်းမြို့နယ် ၊ ကဇုကိုင်းကျေးရွာအုပ်စု ၊ ကဇုကိုင်းကျေးရွာ၌ မတ်လ( ၆ )ရက်နေ့ နံနက် ( ၀၁: ၄၅ )အချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ရာ နေအိမ်နှစ်လုံးမီးလောင် ကျွမ်းခဲ့ကြောင်းသိရသည်။

ကဇုကိုင်ကျေးရွာ ခမမပည ( ET 828903 )နေ ဒေါ်မဲရင် ( ဘ ) ဦးသာညွန့် ( ၄၉ )နှစ် ၊ ရခိုင်/ ဗုဒ္ဓ၏ သုံးပင်တိုင်နေအိမ် အလျား ( ၉ ) တောင် ၊ အနံ ( ၉ )တောင် ၊ ဓနိမိုး ၊ ထရံကာ ၊ ၀ါးကြမ်းခင်း ကာလတန်ဘိုး ( ၁၅ )သိန်းခန့်၏ နေအိမ်မီးဖိုခန်းရှိ မီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ အိမ်နီးချင်းနေ ဦးတင်အုန်း ( ဘ ) ဦးမဲကြီး ၊ အသက် ( ၆၅ )နှစ် ၊ ရခိုင်/ဗုဒ္ဓ၏ လေးပင်တိုင်နေအိမ် အလျား ( ၁၉ )တောင် ၊ အနံ (၁၀ )တောင် ၊ ဓနိမိုး ၊ ထရံကာ ၊ ပျဉ်ခင်း ကာလတန်ဘိုး ( ၅၀ )သိန်းခန့်ရှိ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်စိုးတို့က ဦးဆောင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေ ရွာသူ/ရွာသားများ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ( ၂ )နာရီ (၂၀ )မိနစ်အချိန်တွင် မီးငြိမ်းသတ်နှိင်ခဲ့ကြောင်းသိရှိရသည်။

မြို့နယ်ပြန်/ဆက်

Myanmaalinn

No comments:

Post a Comment