Latest News

Sunday, March 19, 2017

အရည်အသွေးမြင့် ကျောက်စိမ်းအရိုင်းတုံးကြီးနှစ်တုံး ခိုးသယ်လာသည်ကို ဖမ်းမိ

အရည်အသွေးမြင့် ကျောက်စိမ်းအရိုင်းတုံးကြီးနှစ်တုံး ခိုးသယ်လာသည်ကို ဖမ်းမိ

ခုနစ်တန်ခန့်အလေးချိန် ရှိ အရည်အသွေးမြင့် ကျောက် စိမ်းအရိုင်းတုံးနှစ်တုံးကို လားရှိုး -မူဆယ်လမ်းပိုင်း ပြည်ထောင်စု လမ်းမပေါ်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရေပူစစ်ဆေးရေးစခန်း တာဝန်ခံ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်း အောင်ကပြောသည်။

မတ်လ ၁၈ ရက် နံနက် ၁၀ နာရီခန့်က လားရှိုး-မူဆယ်လမ်း ၁၉၅ မိုင် ၅ ဖာလုံတွင် ရပ်ထား သော ကုန်တင်ယာဉ်တစ်စီးကို သွားရောက်စစ်ဆေးရာမှ ဖရဲသီး များ ဖုံးအုပ်၍ တင်လာသော ကျောက်စိမ်းတုံးကြီး နှစ်တုံးကို တွေ့ရှိခဲ့သည်။

‘‘၁၉၅ မိုင် ၅ ဖာလုံနားမှာ ရပ်နေတဲ့ကားကို သွားဆွဲတာ။ အောက်မှာ ကျောက်စိမ်းထည့် ထားပြီး အပေါ်ကနေ ဖရဲသီးအရည်အသွေးမကောင်းတာတွေ  စပါးခွံအိတ်တွေ ဖုံးထားတာ။ ကရိန်းနဲ့မကြည့်တော့ တစ်တုံးက လေးတန်လောက်နဲ့ တစ်တုံးက သုံးတန်လောက်ရှိတယ်။ နား လည်တဲ့သူတွေပြောတာကတော့ အရည်အသွေးမြင့်တယ်လို့ သိရ တယ်’’ဟု ဦးတက်ထွန်းအောင်က ပြောသည်။

ကားသည် ရေပူစစ်ဆေးရေး ဂိတ်ကို မဖြတ်သန်းဘဲ လမ်းဘေး တွင် ရပ်ထားစဉ် မသင်္ကာ၍ သွား ရောက်စစ်ဆေးရာ သော့ပိတ် လျက်အနေအထားဖြင့် တွေ့ရပြီး လူတစ်ဦးမျှ မတွေ့ရ၍ ရဲတပ်ဖွဲ့ က စုံစမ်းရှာဖွေနေကြောင်း သ တင်းရရှိသည်။

ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းကို ဇန်န၀ါရီ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး မကြာသေးမီ ကလည်း ကျောက်စိမ်းများတင် ဆောင်လာသော ကားနှစ်စီးကို ဖမ်းမိခဲ့သည်။
7Day News Journal

No comments:

Post a Comment