Latest News

Wednesday, March 15, 2017

ပစၥည္းပုိ႔သမားဘ၀မွ တရုတ္ရဲ႕ တတိယအခ်မ္းသာဆုံးပုဂၢဳိလ္ျဖစ္လာသူ ..!

 လက္ရွိ တရုတ္တြင္ အခ်မ္းသာဆုံး ပုဂၢဳိလ္မွာ အလီဘာလာသူေဌး ဂ်က္မား ျဖစ္ၿပီး သူ႔ေနာက္မွ အိမ္ ျခံ ေျမ သူေဌး Wan Jianlin က လုိက္ေနပါတယ္။ သူတုိ႔ေနာက္က ထပ္လုိက္ေနသူကေတာ့ Wan Wei ျဖစ္ၿပီး သူ႔ရဲ႕ရွယ္ယာေစ်းေတြ တရွိန္ထုိးျမင့္တက္ေနမႈေၾကာင့္ မၾကာခင္မွာ ေရွ႕က ႏွစ္ေယာက္ကုိ ေက်ာ္သြားႏုိင္ေၾကာင္း ခန္႔မွန္းၾကပါတယ္။

 အသက္ ၄၇ ႏွစ္ ရွိၿပီျဖစ္တဲ့ Wan Wei ဟာ ပစၥည္းပုိ႔သမား ဘ၀က လာခဲ့တဲ့ ကုိယ္ထူးကုိယ္ခြ်န္သမား တစ္ေယာက္ျဖစ္ပါတယ္။ ငယ္ရြယ္စဥ္က ပစၥည္းပုိ႔သမားလုပ္ခဲ့ၿပီး ၁၉၉၃ ခုႏွစ္ အသက္ ၂၂ အရြယ္မွာ ကုိယ္ပုိင္အုိင္ဒီယာနဲ႔ ပစၥည္းပုိ႔ ကုမၸဏီကုိ စေထာင္ခဲ့ပါတယ္။ ပုိက္ဆံ မေလာက္တဲ့အတြက္ ဖခင္ျဖစ္သူထံမွ ေဒၚလာ ၁၃၀၀၀ ခန္႔ကုိ ေခ်းၿပီး တည္ေထာင္ခဲ့တရတာျဖစ္ပါတယ္။ စစလုပ္ျခင္းမွာ ၀န္ထမ္း ၆ ေယာက္နဲ႔ စခဲ့ရတာျဖစ္ၿပီး သူ႔ရဲ႕လုပ္ငန္းကို အစုိးရက ခြင့္မျပဳတဲ့အတြက္ သုိ၀ွက္စြာလုပ္ခဲ့ရပါတယ္။ အဲဒီအခ်ိန္က သယ္ယူပုိ႔ေဆာင္ေရးကို အစုိးရအဖြဲ႔အစည္းကပဲလုပ္ရတာျဖစ္ၿပီး အျပင္သူေတြလုပ္တာကုိ black delivery လုိ႔သတ္မွတ္ခဲ့ပါတယ္။ ဒီလုိအခက္အခဲေတြၾကားက ဆယ္စုႏွစ္ၾကာလုပ္ခဲ့ေပမယ့္ သူ စိတ္မပ်က္ခဲ့ပါဘူး။ အျမန္ဆုံး နဲ႔ အဆင္ေျပဆုံးပို႔ေဆာင္ႏုိင္မယ့္ နည္းလမ္းေတြကို အၿမဲႀကံဆေနခဲ့ပါတယ္။ အခက္အခဲေတြ အမွားေတြေၾကာင့္ သင္ခန္းစာအမ်ားႀကီးရခဲ့ၿပီး လုပ္ငန္းကုိ ပုိကြ်မ္းက်င္လာခဲ့တယ္လုိ႔ သူကဆုိပါတယ္။


 သူ႔ရဲ႕ႀကဳိးစားမႈေၾကာင့္ သူလုပ္ငန္းဟာ ၂၀၀၃ခုႏွစ္ေလာက္ကစလုိ႔ အထူးေအာင္ျမင္ခဲ့ၿပီး ေဖာက္သည္မ်ားျပားလာတဲ့အတြက္ ေလယာဥ္ေတြ ငွားရမ္းပုိ႔ခဲ့ရပါတယ္။ ၂၀၀၉ ခုႏွစ္မွာေတာ့ ငွားလုိ႔မႏုိင္ေတာ့တဲ့အတြက္ ကုိယ္ပုိင္ေလေၾကာင္းလုိင္းေထာင္ခဲ့ရတဲ့အထိ ေအာင္ျမင္လာခဲ့ပါတယ္။ ၀န္ထမ္း ၆ ေယာက္နဲ႔ စခဲ့ရတဲ့ သူ႔လုပ္ငန္းဟာ အခုအခ်ိန္မွာေတာ့ ၀န္ထမ္း ၈၀၀၀၀ ၊ ေမာ္ေတာ္ယာဥ္ ၁၅၀၀၀ စီး နဲ႔ ေလယာဥ္ အစီး ၃၀ ပါ၀င္တဲ့လုပ္ငန္းျဖစ္လာခဲ့ၿပီး သူကုိယ္တုိင္ကလည္းေဒၚလာ ၂၆.၇ ဘီလ်ံ နဲ႔ တရုတ္ျပည္ရဲ႕ တတိယ အခ်မ္းသာဆုံးသူ ျဖစ္လာခဲ့ပါတယ္။


သူ႔ရဲ႕ကုမၸဏီ SF ကို the FedEx of China လုိ႔ လူသိမ်ားပါတယ္။ ေအာင္ျမင္ခ်င္တဲ့သူမ်ားအတြက္ သူ႔ရဲ႕စကားကေတာ့ လုပ္ကိုင္တဲ့အခါ ရဲရဲ၀ံ၀ံလုပ္ပါ ၊ စြန္႔စားတာကို မေၾကာက္ပါနဲ႔ ၊ ဆန္းသစ္ တီထြင္ႏုိင္ဖုိ႔ႀကဳိးစားပါ ၊ မသိတာေတြသင္ယူပါ ၊ တာ၀န္ယူလုိစိတ္ရွိပါ ဟူ၍ ျဖစ္ပါတယ္။

Credit: Thutazone

#Unicode Version
လက်ရှိ တရုတ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်မှာ အလီဘာလာသူဌေး ဂျက်မား ဖြစ်ပြီး သူ့နောက်မှ အိမ်ခြံမြေသူဌေး Wan Jianlin က လိုက်နေပါတယ်။ သူတို့နောက်က ထပ်လိုက်နေသူကတော့ Wan Wei ဖြစ်ပြီး သူ့ရဲ့ရှယ်ယာဈေးတွေ တရှိန်ထိုးမြင့်တက်နေမှုကြောင့် မကြာခင်မှာ ရှေ့က နှစ်ယောက်ကို ကျော်သွားနိုင်ကြောင်း ခန့်မှန်းကြပါတယ်။


 အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ Wan Wei ဟာ ပစ္စည်းပို့သမား ဘဝက လာခဲ့တဲ့ ကိုယ်ထူးကိုယ်ချွန်သမား တစ်ယောက်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က ပစ္စည်းပို့သမားလုပ်ခဲ့ပြီး ၁၉၉၃ ခုနှစ် အသက် ၂၂ အရွယ်မှာ ကိုယ်ပိုင်အိုင်ဒီယာနဲ့ ပစ္စည်းပို့ ကုမ္ပဏီကို စထောင်ခဲ့ပါတယ်။ ပိုက်ဆံ မလောက်တဲ့အတွက် ဖခင်ဖြစ်သူထံမှ ဒေါ်လာ ၁၃၀၀၀ ခန့်ကို ချေးပြီး တည်ထောင်ခဲ့တရတာဖြစ်ပါတယ်။ စစလုပ်ခြင်းမှာ ဝန်ထမ်း ၆ ယောက်နဲ့ စခဲ့ရတာဖြစ်ပြီး သူ့ရဲ့လုပ်ငန်းကို အစိုးရက ခွင့်မပြုတဲ့အတွက် သိုဝှက်စွာလုပ်ခဲ့ရပါတယ်။ အဲဒီအချိန်က သယ်ယူပို့ဆောင်ရေးကို အစိုးရအဖွဲ့အစည်းကပဲလုပ်ရတာဖြစ်ပြီး အပြင်သူတွေလုပ်တာကို black delivery လို့သတ်မှတ်ခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေကြားက ဆယ်စုနှစ်ကြာလုပ်ခဲ့ပေမယ့် သူ စိတ်မပျက်ခဲ့ပါဘူး။ အမြန်ဆုံး နဲ့ အဆင်ပြေဆုံးပို့ဆောင်နိုင်မယ့် နည်းလမ်းတွေကို အမြဲကြံဆနေခဲ့ပါတယ်။ အခက်အခဲတွေ အမှားတွေကြောင့် သင်ခန်းစာအများကြီးရခဲ့ပြီး လုပ်ငန်းကို ပိုကျွမ်းကျင်လာခဲ့တယ်လို့ သူကဆိုပါတယ်။


 သူ့ရဲ့ကြိုးစားမှုကြောင့် သူလုပ်ငန်းဟာ ၂၀၀၃ခုနှစ်လောက်ကစလို့ အထူးအောင်မြင်ခဲ့ပြီး ဖောက်သည်များပြားလာတဲ့အတွက် လေယာဉ်တွေ ငှားရမ်းပို့ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ငှားလို့မနိုင်တော့တဲ့အတွက် ကိုယ်ပိုင်လေကြောင်းလိုင်းထောင်ခဲ့ရတဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ ဝန်ထမ်း ၆ ယောက်နဲ့ စခဲ့ရတဲ့ သူ့လုပ်ငန်းဟာ အခုအချိန်မှာတော့ ဝန်ထမ်း ၈၀၀၀၀ ၊ မော်တော်ယာဉ် ၁၅၀၀၀ စီး နဲ့ လေယာဉ် အစီး ၃၀ ပါဝင်တဲ့လုပ်ငန်းဖြစ်လာခဲ့ပြီး သူကိုယ်တိုင်ကလည်းဒေါ်လာ ၂၆.၇ ဘီလျံ နဲ့ တရုတ်ပြည်ရဲ့ တတိယ အချမ်းသာဆုံးသူ ဖြစ်လာခဲ့ပါတယ်။


သူ့ရဲ့ကုမ္ပဏီ SF ကို the FedEx of China လို့ လူသိများပါတယ်။ အောင်မြင်ချင်တဲ့သူများအတွက် သူ့ရဲ့စကားကတော့ လုပ်ကိုင်တဲ့အခါ ရဲရဲဝံဝံလုပ်ပါ ၊ စွန့်စားတာကို မကြောက်ပါနဲ့ ၊ ဆန်းသစ် တီထွင်နိုင်ဖို့ကြိုးစားပါ ၊ မသိတာတွေသင်ယူပါ ၊ တာဝန်ယူလိုစိတ်ရှိပါ ဟူ၍ ဖြစ်ပါတယ်။

Credit: Thutazone

No comments:

Post a Comment