Latest News

Wednesday, March 15, 2017

ဘင်လာဒင် ကို သတ်ခဲ့သည့် ကမ္ဘာကျော် အကြမ်းဖက် နိမ်နင်းရေးတပ်အား တောင်ကိုရီးယား သို့ စေလွှတ်၍ စစ်ရေးလေ့ကျင့်

ဘင်လာဒင် ကို သတ်ခဲ့သည့် ကမ္ဘာကျော် အကြမ်းဖက် နိမ်နင်းရေးတပ်အား တောင်ကိုရီးယား သို့ စေလွှတ်၍ စစ်ရေးလေ့ကျင့်

ပါကစ္စတန် နိုင်ငံမှာ ပုန်းနေတဲ့ ကမ္ဘာကျော် အယ်ကေဒါ အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို သတ်ခဲ့ တဲ့ အမေရိကန် အထူးတပ်ဖွဲ့  SEAL Team 6 ၀င်တွေကို စစ်ရေးလေ့ကျင့် မယ်ဆိုတဲ့အကြောင်းပြ ချက်နဲ့ တောင် ကို ရီးယားသို့  စေလွှတ်မှာဖြစ်လို့  မြောက်ကိုရီးယားခေါင်းဆောင် (ကင်ဂျုံအန်း)အတွက် စိတ်မသက်မသာနဲ့  အထိတ်တ လန့် ဖြစ်သွားနိုင်တယ်လို့  ကမ္ဘာ့သတင်းမီဒီယာတွေမှာဖေါ်ပြနေပါတယ်။ (အောက်ဆုံးတွင် ရုပ်သံ video ဖိုင်ပါတွဲတင်ပေးထားပါတယ်။ အောက်ဆုံးထိသွားပါ ။

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်ပွဲမှာ ခုလို့  အထူးအကြမ်းဖက်နိမ်နင်းတပ်ဖွဲ့ ကို ပထမဆုံး စေ လွှတ်ခဲ့တာဖြစ်ပြီး နောက်ကွယ်မှာ ထုတ်ဖေါ်မပြတဲ့ အထူးစစ်ဆင်ရေးတွေရှိနေမှပါ။
ယခုလို ရန်သူနယ်ထဲဝင်ပြီး လက်တွေ့ တိုက်ခိုက်ခဲ့တဲ့ အထူးနိမ်နင်းရေးတပ် ဖွဲ့  SEAL Team 6 တွေ မြောက် ကိုရီး ယားနယ်ထဲဝင်ပြီး ကမ္ဘာကြီးကို ဒုံးပျံတွေပစ်ပြီး ကမ္ဘာစစ်ပွဲကြီးတွေဖြစ်အောင် စိန်ခေါ်နေတဲ့ ခေါင်းဆောင် (ကင်ဂျုံအန်း) ကိုလုပ်ကြံမယ့်အခြေအနေအထိ ဖြစ်လာမလား ဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေကြပြီး ယခုလိုအမေရိကန်ရဲ့  စစ်ကစားကွက်တခုကို မြောက်ကိုရီးယားအစိုးရအနေနဲ့  ဘယ်လိုတုန့် ပြန်မယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါ။
Credit: Sun Thit : Lwin Pyin

No comments:

Post a Comment