Latest News

Sunday, March 26, 2017

ယခု တစ်ပတ်အတွင်း ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည့်သီးနှံများ

ယခု တစ်ပတ်အတွင်း ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည့်သီးနှံမျာ


ဒီတစ်ပတ်မှာတော့ မတ်ပဲ (FAQ/RC) နဲ့ ပဲစင်းငုံ (RC) ဟာ ဈေးတက်လာပြီး အတက်ဈေးနဲ့ရှိနေပါတယ်။ ပဲတီစိမ်း ကတော့ ဈေးအနည်းငယ်ကျဆင်းသွားပြီး ကြက်သွန်နီကတော့ နှစ်ပတ်ဆက်တိုက် ဈေးတက်နေပါတယ်။ ကြက်သွန်ဖြူဈေး ကတော့ ဆက်တိုက်ကျဆင်းနေပါတယ်။ နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာ ဈေးငြိမ် နေပါတယ်။

မတ်ပဲ (FAQ/RC) နဲ့ ပဲစင်းငုံနီ (RC) ဈေးတက်
မတ်လ တတိယအပတ်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီက ဈေးဆက်တိုက်ကျဆင်း နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေး တက်လာပြီး အတက်ဈေးနဲ့ရှိနေပါတယ်။ တတိယအပတ်မှာ မတ်ပဲက ငွေကျပ် ၁၁ဝ၁ဝဝဝ နဲ့ဈေးပိတ်ခဲ့ပြီး တနင်္လာနေ့ မှာတော့ ငွေကျပ် ၁၁၂၉ဝဝဝ နဲ့ ဈေးစဖွင့် ခဲ့ပါတယ်။ သောကြာနေ့မှာတော့ ငွေကျပ် ၁၁၃၂ဝဝဝ ဈေးရှိခဲ့ပြီး တစ်ပတ် အတွင်းငွေကျပ် ၃ဝဝဝ ဈေးတက်ခဲ့ပါ တယ်။
ပဲစင်းငုံကလည်း ဒီတစ်ပတ်မှာ အနည်းငယ်သာ ဈေးတက်ခဲ့တာပါ။ တနင်္လာနေ့မှာငွေကျပ် ၇၅၃၅ဝဝ ဈေး စဖွင့်ခဲ့ပြီး တစ်ပတ်အတွင်းထောင် ဂဏန်းလောက်သာ ဈေးအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ သောကြာနေ့မှာတော့ ငွေကျပ် ၇၇၉၄ဝဝ ဈေးပိတ်ခဲ့ပြီး ငွေကျပ် ၂၅ဝဝဝ နီးပါး ဈေးတက်ခဲ့ပါတယ်။
ပဲတီစိမ်းဈေး အနည်းငယ်ကျပဲတီစိမ်းက မတ်လဒုတိယပတ် ကနေစပြီး ဈေးဆက်တိုက်တက်ခဲ့ပေမယ့် စတုတ္ထအပတ်မှာတော့ ဈေးအနည်းငယ် ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်က တစ်ပိဿာငွေကျပ် ၂ဝ၅ဝ အထိ ဈေး တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ငွေကျပ် ၂ဝ၃ဝ သာ ဈေးရှိပါတော့တယ်။
ကြက်သွန်နီဈေး ဆက်တိုက်တက်
ကြက်သွန်နီ (ဆိပ်ဖြူ၊တောင်တွင်း၊ မြင်းခြံ၊ မြစ်သား) က နှစ်ပတ်ဆက်တိုက် ဈေးတက်နေပါတယ်။ တတိယအပတ်မှာ ငွေကျပ် ၁၂ဝဝ နဲ့ ဈေးပိတ်ခဲ့ပြီး ဒီ တစ်ပတ်မှာတော့ ၁၂၇၅ ကျပ်နဲ့ တစ်ပတ် အတွင်း တစ်ပိဿာကို ၇၅ ကျပ် ဈေး တက်လာပါတယ်။

ကြက်သွန်ဖြူဈေးအတက်အကျရှိ

ကြက်သွန်ဖြူကတော့ မတ်လ တတိယတစ်ပတ်လုံး ဈေးငြိမ်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တဖြည်းဖြည်း ဈေးကျဆင်းခဲ့ပြီး သောကြာနေ့မှာတော့ တစ်ပိဿာကိုငွေကျပ် ၂၇ဝဝ ကနေ ၃ဝဝဝ အထိ ဈေးရှိခဲ့ပါတယ်။
နှမ်းမျိုးစုံ ဈေးအတက်အကျအပြောင်း အလဲ အနည်းငယ်ရှိ
နှမ်းမျိုးစုံ ဈေးအတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိခဲ့ပြီး တစ်ပတ်လုံး အတက်ဈေးနဲ့ဈေးငြိမ်နေ ပါတယ်။

နှမ်းနက်

နှမ်းနက်က အရင်အပတ်က ဈေး အတက်နဲ့ ဈေးပိတ်ခဲ့ပေမယ့် ဒီတစ်ပတ် မှာတော့ ငွေကျပ် ၅ဝဝဝ လောက်သာ ဈေးကျခဲ့ပြီး တစ်ပတ်လုံးတစ်အိတ် ငွေကျပ် ၁ဝဝဝဝဝ နဲ့ ဈေးငြိမ်ခဲ့ပါတယ်။

နှမ်းဖြူ

နှမ်းဖြူက တတိယအပတ်သောကြာ နေ့မှာတော့ တစ်အိတ်ကို ငွေကျပ် ၁ဝ၅ဝဝဝနဲ့ ဈေးပိတ်ခဲ့ပြီး တနင်္လာနေ့မှာ တော့ငွေကျပ် ၁ဝ၇ဝဝဝ နဲ့ ဈေးအနည်း ငယ်တက်ခဲ့ပါတယ်။ သောကြာနေ့ဈေး ပိတ်တဲ့နေ့မှာတော့ ငွေကျပ် ၁ဝ၃ဝဝဝ နဲ့ ဈေးကျသွားခဲ့ပါတယ်။

ပန်းနှမ်း

နှမ်းမျိုးစုံက ဈေးအနည်းငယ်တက်ခဲ့ ပေမယ့် ပန်းနှမ်းကတော့တစ်ပတ်လုံး တစ်အိတ်ကိုငွေကျပ် ၇၃ဝဝဝ နဲ့ ဈေးငြိမ် နေပါတယ်။
ဖရဲသီး ၈၅၅ နဲ့ ရွှေသခွားမွှေးသီး ဈေးအဆမတန်ကျဆင်း
မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်ကို အဓိက တင်ပို့နေတဲ့ ဖရဲသီး ၈၅၅ နဲ့ ရွှေ သခွားမွှေးသီးတို့က ဒေသတွင်း တိုက်ပွဲ တွေ၊သစ်သီးကားတွေကို ပိတ်ဆို့စစ်ဆေး နေတာတွေကြောင့် အရည်အသွေးမှာ ထိခိုက်ပြီး အဆမတန် ဈေးကျဆင်းသွား ပါတယ်။

မတ်လ တတိယပတ်မှာ ဖရဲသီး ၈၅၅ က တစ်တန်ကို ငွေကျပ် ၄၉၉၂ဝဝ ဈေးရှိခဲ့ ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၃၄၇ဝဝဝ ကျော်သာ ရှိပါတော့တယ်။ တစ်ပတ်အတွင်းကို ငွေကျပ် နှစ်သိန်းနီးပါး ဈေးကျဆင်းသွားတာပါ။
ရွှေသခွားမွှေးသီးကလည်း ဖရဲသီး ၈၅၅ နည်းတူပါပဲ။ အရင်အပတ်မှာ တစ်တန်ကို ငွေကျပ် ၆၉၁၂ဝဝ ရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာ ငွေကျပ် ၅၇၉ဝဝဝ ရှိခဲ့ ပါတယ်။

ကုလားပဲလုံး ဈေးကျ

ကုလားပဲလုံးကလည်း ဒီတစ်ပတ်မှာ တစ်ပိဿာကို ၅ဝ ကျပ်လောက်ဈေးကျ ဆင်းသွားပြီး ငွေကျပ် ၁၉ဝဝ နဲ့ ဈေးပိတ် ခဲ့ပါတယ်။
မန်ကျည်းတောင့် (ပခုက္ကူ)
မန်ကျည်းတောင့် (ပခုက္ကူ)က မတ်လတတိယတစ်ပတ်လုံး ဈေး အတက်နဲ့ ရှိနေခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တော့ တစ်ပိဿာကို ငွေကျပ် ၁၆၄ဝဈေး ပိတ်ခဲ့ပြီး တစ်ပတ်လုံးငွေကျပ် ၄ဝဝ ကျော်လောက် ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန် (AMIA)၊ ဓာတ်ပုံ- ကိုတင့် MOI

No comments:

Post a Comment