လုယက်မှုကျူးလွန်ပြီး ထွက်ပြေးသွားသူများကို လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ အခြားလုယက်မှုများထပ်မံပေါ်ပေါက်
ရန်ကုန်၊ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာ
အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းရေး၊ နယ်မြေအတွင်း ခိုးမှု၊ လုယက်မှု ကျူးလွန်သူများဖမ်းဆီးရမိရေး၊ ဒုစရိုက်မှုကျူးလွန်လေ့ရှိသူများခိုအောင်းမှုမရှိစေရေးနှင့် အုပ်စုဖွဲ့အနိုင်ကျင့် ဗိုလ်ကျစိုးမိုးတတ်သူများအား ဖမ်းဆီးရှင်းလင်းနိုင်ရေးတို့အပြင် တရားခံပြေးများဖမ်းဆီးရမိရေးအတွက် ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏အစီအမံဖြင့် ၂၆.၂.၂၀၁၇ ရက်နေ့တွင် ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဦးစီး၍ အုပ်ချုပ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အစီအမံများချမှတ်ဆောင်ရွက်ချက်အရ လှိုင်သာယာမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလှည့်ကင်းဖြင့်စိုးမိုးဆောင်ရွက်
လျက်ရှိစဉ် ၁၆.၃.၂၀၁၇ ရက်နေ့ ၁၉၃၀ အချိန်ခန့်တွင် လှိုင်သာယာ
မြို့နယ်၊ (၁၅)ရပ်ကွက်၊ ၀န်ထမ်းကြီးများအိမ်ရာဝင်းအတွင်း စကားပြောနေသူစုံတွဲထံမှ ဆိုင်ကယ်စီးအမျိုးသားများက ဓားထောက်၍ လက်ကိုင်ဖုန်းများလုယက်ယူဆောင်သွားကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့မှ ချက်ချင်းလိုက်လံဖမ်းဆီးခဲ့ရာ ၁၉၃၅ အချိန်တွင် ၎င်းနေရာအနီး၌ပင် ပြစ်မှုကျူးလွန်သူများဖြစ်ကြသော လှိုင်သာယာမြို့နယ်နေ ဂျာကြီး(ခ)နိုင်ဝင်း၊ ရန်နိုင်စိုး၊ ကိုဖြိုး(ခ)စိုးဝေနှင့် ဇင်မင်းထက်တို့(၄)ဦးအား လုယက်ယူဆောင်သွားသောလက်ကိုင်ဖုန်းနှင့် ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် အရိုးအသွား ၁၂ လက်မခန့်ရှိ ဓား ၁ ချောင်းတို့နှင့်အတူဖမ်းဆီးရမိခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်း(ပ)၇၆၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄နှင့် ရန်နိုင်စိုးအား လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
အမှုမှဖမ်းဆီးရမိသူများအား အခြားလုယက်မှုများကျူးလွန်ထားခြင်းရှိ၊မရှိ ထပ်မံစစ်ဆေးရာ ၎င်းတို့သည် သန်းဝေ(စုံစမ်းဆဲ)၊ သူတောင်းစား
(စုံစမ်းဆဲ)တို့နှင့်အတူ ၁၃.၃.၂၀၁၇ ရက်နေ့က လှိုင်သာယာမြို့နယ်၊
ရွှေလင်ဗန်းတံတားအဆင်း၊ ကမ်းပတ်တာလမ်းမပေါ်တွင် စက်ဘီးစီး
လာသူ အမျိုးသားတစ်ဦးထံမှ G5100-0220 Huawei အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးအားလည်းကောင်း၊ ၁၄.၃.၂၀၁၇ ရက်နေ့ ၂၀၀၀ အချိန်ခန့်က ၎င်းနေရာအနီး၌ပင် စက်ဘီးစီးလာသူအမျိုးသားတစ်ဦးထံမှ Huawei အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးအားလည်းကောင်း၊ ၁၆.၃.၂၀၁၇ ရက်နေ့က ၁၉၀၀ အချိန်ခန့်တွင် ရွှေလင်ဗန်းကျေးရွာ၊ ကမ္ဘောသစ်ဆီဆိုင်အနီးလမ်းမပေါ်တွင် စက်ဘီးစီလာသူအမျိုးသားတစ်ဦးထံမှ E71KENBo အမျိုးစားလက်ကိုင်ဖုန်း ၁ လုံး နှင့် ငွေပင်လယ်စက်မှုဇုန်၊ တိုးဂိတ်အနီးလမ်းပေါ်တွင် စက်ဘီးစီးလာသူအမျိုးသားတစ်ဦးထံမှ Model Smart 105 Ooredoo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးအားလည်းကောင်း အသီးသီးလုယက်ခဲ့ကြကြောင်းပေါ်ပေါက်ခဲ့ပါသည်။
ပေါ်ပေါက်ချက်များအရ ရန်နိုင်စိုးပါ ၄ ဦးတို့အား အမှုများအသီးသီးထပ်မံရေးဖွင့်ကာအရေးယူဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး လွတ်မြောက်နေသူ သန်းဝေနှင့် သူတောင်စားတို့ ၂ ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှုမှလက်ကိုင်ဖုန်းများနှင့်ပတ်သက်၍ ပိုင်ရှင်များအနေဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Yangon Police
Sunday, March 26, 2017
လုယက်မှုကျူးလွန်ပြီး ထွက်ပြေးသွားသူများကို လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ အခြားလုယက်မှုများထပ်မံပေါ်ပေါက်
လုယက်မှုကျူးလွန်ပြီး ထွက်ပြေးသွားသူများကို လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ အခြားလုယက်မှုများထပ်မံပေါ်ပေါက်
Reviewed by Ar Ti
on
10:46 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment