Latest News

Thursday, March 30, 2017

သမ္မတ ထရမ့် ရဲ့ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့် အစိုးရအဖွဲမှာလက်ထောက်အကြီး အကဲ တာဝန်ယူမည်


အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့် ဟာ ဖခင်ဖြစ်သူ ထရမ့်ရဲ့ အစိုးရ
အဖွဲမှာ လက်ထောက် အကြီးအကဲ တာဝန် ရယူသွားမယ်လို့ သိရပါတယ်။
အိုင်ဗန်ကာဟာလစာငွေယူမှာမဟုတ်ဘဲဖခင်ဖြစ်သူကိုလိုအပ်တဲ့အကြံဥာဏ်တွေပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ အိုင်ဗန်ကာ က သူမနေနဲ့ ဖခင်ဖြစ်သူကို ပုဂ္ဂိုလ်ရေးဆိုင်ရာအကြံဥာဏ်တွေနဲ့ အကူညီပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
အိုင်ဗန်ကာရဲ့ ခင်ပွန်းဖြစ်သူ ဟာ ဒေါ်နယ်ထရမ့် ရဲ့အကြီးတန်းအကြံပေးအရာရှိအဖြစ် တာဝန်ယူထားပါ
တယ်။
 အမေရိကန်အစိုးရအိမ်ဖြူတော်ဟာ အိုင်ဗန်ကာ ထရမ့် ဟာအစိုးရအဖွဲမှာ အကူညီပေးဖို့ဆုံးဖြတ်ခဲ့
တာကြောင့် ကျေးဇူးတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ဟာ ရုရှား နဲ့ ဆက်ဆံမှုအရေးအပါဝင် သမ္မတဟောင်းအိုဘားမား လက်ထက်က လုပ်ခဲ့တဲ့ ဥပဒေ တွေ ပြန်ပြောင်းလုပ်ဆောင်ဖို့ နဲ့ မွတ်စလင်တွေကို ပြည်ဝင်ခွင့် ပိတ်ပင်တွေကြောင့် ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။
ဒါအပြင် အိုင်ဗန်ကာထရမ်ရဲ့ ခင်ပွန်းဖြစ်သူ ဟာ ရွေးကောက်ပွဲကာလတုန်းက ရုရှားသံအမတ်ကြီးတွေနဲ့တွေဆုံခဲမှုအပေါ် လွတ်တော်စုံစမ်းရေးကော်မတီက စစ်ဆေးမှုတွေခံနေရပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment