Latest News

Wednesday, March 29, 2017

စည်ပင်ဝန်ထမ်းတစ်ဦးနှုတ်ထွက်စာတင်

စည်ပင်ဝန်ထမ်းတစ်ဦးနှုတ်ထွက်စာတင်  

ဧရာဝတီတိုင်းဒေသကြိး ပုသိမ်မြို့ နယ် စည်ပင် သာယာရေး အဖွဲ့  ပြန်တမ်းဝင်အရရှိ တစ်ဦးဖြစ်တဲ့  စည်ပင်ဝန်ထမ်းတစ်ဦး ဟာ မတ်လအတွင်းနှုတ်ထွက်စာတင် ခဲ့ ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးစည်ပင်သာယာရေးဝန်ကြီးထံကို နှုတ်ထွက်စာတင်ခဲ့ တာပါ။

အဆိုပါနှုတ်ထွက်စာတင်သူ ဝန်ထမ်းဟာခတ်နဲ့ အညီပြုပြင်ပြောင်းလဲလိုတဲ့  ၀န်ထမ်းဖြစ်ချင်သူလို့  လူ မှုကွန်ယက်မှာမကြာခဏထုတ်ဖော်ပြောဆို ပါတယ်

ဒီလိုပဲ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ၀န်ထမ်းတစ်ချို့ သည် နှတ်ထွက်ခြင်တယ် ဆိုတဲ့ ပြောစကားတွေ မကြာခဏ ကြားလာရပါတယ်။
တစ်ချို့ အရာတွေက သိပ်ပြီး အံဝင်ခွင့်ကျမဖြစ်ဘူး အာဃာတနဲ့ တော့ အကုန်လုပ်လို့ မရဘူး ၀န်ထမ်းတစ်ချို့ က ကျင့်ဝတ်မညီတာတွေ လာဘ်စားတာတွေရှိမယ် သို့ သော် ဒါနဲ့  ပဲတစ်ခြားဝန်ထမ်းတွေကိုတော့ ခြုံငုံပြီး လုပ်လို့ မရဘူး ခုရတဲ့ လစာကလည်း အပြင်မှာ ခေါက်ဆွဲရောင်းတောင် ဒီလောက်တော့ ရပါတယ်လို ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်.။

အစိုးရအဖွဲ့ အနေနဲ့  တောာ့ ၀န်ထမ်းတွေကိုင်တွယ်ရာမှာ များစွာ သတိထားဖို့ ပါတော့ လိုပါတယ်လို့ နိုင်ငံရေးလေ့လာသူများကပြောပါတယ်.။

အစိုးရ၀န်ထမ်းအဖြစ်က နှုတ်ထွက်တယ်ဆိုတာ ကောင်းတဲ့  အလားအလာတော့ မဟုတ်ဘူး နံပါတ်(၁)က အစိုးရက လုပ်ခနဲ့ ထောက်ပံ့ ကြေးအပေါ်မှာ မလုံလောက်လို့ ထွက်ခြင်တာလား ဒါမှမဟုတ်အစိုးရမူဝါဒကိုအကောင်ထည်ဖော်ရာမှာ သူတို့  ကို ဖိအားပေးတယ်လို့  ခံစားရလို့ နှုတ်ထွက်တာလား ဒီအပေါ့်တွေမှာ မူတည်တယ် ဒါပေမဲ့ ဝန်ထမ်းတော်တော်များများဟာ သူတို့ ရ၇ှိတဲ့  ၀င်ငွေ လစာနဲ့  လက်ရှိ ကုန်ဈေးနှုန်းကို ထိမ်းကျောင်းနိုင်ဖို့ ကခက်နေတယ် လို့  နိင်ငံရေးလေ့လာသူ ဦးသန်းဝင်းကပြောပါတယ်။

လက်ရှိစည်ပင်ဝန်ထမ်းတစ်ဦးနှုတ်ထွက်စာတင်ထားမှုနဲ့ပတ်သတ်ပြီးအစိုးရအနေနဲ့ တစ်စုံတစ်ရာအကြောင်းပြန်ထားခြင်းမရှိသေးပါဘူး
ဧရာဝတီတိုင်းဒေသကြီး အတွင်း အစိုးရဌာနဆိုင်ရာ အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်း စုစုပေါင်း (၁၀၂၆၅၁) ဦးရှိနေပါတယ်။
မျိုးမင်းပိုင်


No comments:

Post a Comment