Latest News

Friday, March 10, 2017

ပဲခူးမြစ်ရေ ကို သုံးစွဲရန်မသင့်လျော်သည့် အနီရောင်အဆင့်အထိ ပြောင်းလဲသတ်မှတ်ထား

ပဲခူးမြစ်ရေ ကို သုံးစွဲရန်မသင့်လျော်သည့် အနီရောင်အဆင့်အထိြေေပြောင်းလဲသတ်မှတ်ထ
ား

ပဲခူး ၊ ၁၀-၃-၂၀၁၇

ပဲခူးမြစ်ရေကို နော်ဝေနိုင်ငံမှ ရေသုတေသန အဖွဲ့ NIVA ၏ စစ်ဆေးစမ်းသပ်ချက် အရ သုံးစွဲရန် မသင့်လျော် တော့သည့် အနီရောင် အဆင့်သို့ ပြောင်းလဲသတ်မှတ် ထားကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ သိရသည်။

NIVA သည် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ရေအရင်းအမြစ် ထိန်းသိမ်း အသုံးပြုခြင်းနှင့် အရည်အသွေး ဆိုင်ရာ သုတေသနကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပြုလုပ်ခဲ့ရာ ပဲခူးမြစ်ရေမှာ အမှိုက်များ စွန့်ပစ်မှုကြောင့် အဆိုးရွားဆုံး အခြေအနေ ဖြစ်နေကြောင်း သိရသည်။

'' NIVA အဖွဲ့က ပဲခူးမြစ်ရေကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ စစ်ဆေးခဲ့တာပါ။ မြစ်ထဲကို အမှိုက်စွန့်ပစ်မှု တွေကြောင့်ရယ်၊ မြစ်ထဲဘက် လှည့်ပြီး အိမ်သာတည် ဆောက်ထားတာရယ်၊ စိုက်ပျိုးရေး လုပ်ငန်းများက ဓာတုဆေးရည်တွေ မြစ်ထဲစီးဝင် တာတွေကြောင့် ရေအရင်းအမြစ် ညစ်နွမ်းလာရခြင်း ဖြစ်ပါတယ်။ ဒါကို ပြန်လည် သန့်စင်မှုလုပ်ဖို့ မတ်လထဲမှာ အကောင်အထည် ဖော်သွားမှာပါ''ဟု ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းဇံ က ပြောသည်။

ပဲခူးမြစ်သည် ဇောင်းတူမှမြစ်ဖျား ခံ၍ ပဲခူးမြို့ကို ဖြတ်သန်းကာ ရန်ကုန်မြစ်တွင်း စီးဆင်းပြီး မြစ်အရှည်မှာ ၂၆၄ ကီလိုမီတာ ရှိကာ မြစ်ဝှမ်းဒေသများ အတွင်းရှိ ရေသယံဇာတ နှင့်ပတ်သက်၍ အရောင်ခွဲခြား သတ်မှတ်မှု အစိမ်းရောင်မှာ ရည်မှန်းချက် အကောင်းဆုံး အခြေအနေ၊ အဝါရောင်မှာ ရည်မှန်းချက် အနည်းငယ် ဆိုးရွားသည့် အခြေအနေ၊ အနီရောင်မှာ ရည်မှန်းချက် ဆိုးရွားသည့် အခြေအနေတို့ ဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ရေ သန့်စင်ရေးအတွက် သယံဇာတ နှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဆောင်ကာ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ဌာနဆိုင်ရာများ ပါဝင်သော လုပ်ငန်းကြီးကြပ်ရေး နှင့် အကောင်အထည် ဖော်မှု ကော်မတီ ဖွဲ့စည်းပြီး အစည်းအဝေး သုံးကြိမ်ခေါ်ယူကာ ပဲခူးမြစ်ရေ သန့်စင်ရေးအတွက် ဆောလျင်စွာ အကောင်အထည် ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ပဲခူးမြစ် မြေထိန်းနံရံ တည်ဆောက် ရေးအတွက် လာမည့် ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲ တင်ပြတောင်းခံ ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment