Latest News

Tuesday, March 7, 2017

တရားမဝင်သစ်ခွဲသားများသိမ်းဆည်းရမိ

တရားမဝင်သစ်ခွဲသားများသိမ်းဆည်းရမိ

စစ်ကိုင်း  မတ်  ၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် စိုင်ပြင်စံပြကျေးရွာတွင် စိုင်ပြင် ရဲကင်းစခန်းမှူး ရဲအုပ် သက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ သစ်တောဦစီးဌာ နမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ (၈)ရက်နေ့ သတင်းအရ စိုင်ပြင်-မြရိပ် လမ်းရာဟုလာ ဘုန်ကြီးကျောင်းအနီး ရပ်တန့် ထားသော ယဉ်အမှတ် ၄ခ/ ၆၃၈၉ Nissan UD Counder အားရှာဖွေရာ ပိုင်ရှင်မဲ့သစ်မာ တရားမဝင် သစ်ခွဲသား (၈)တန်ခန့် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော တရားမဝင်သစ်ခွဲသားများနှင့် မော်တော်ယဉ်ကို ဆက်လက် စုံစမ်း ရှာဖွေလျှက်ရှိကြောင်း သတင်း ရရှိပါသည်။

သိန်းထွန်း(ဒီပဲယင်း)

No comments:

Post a Comment