Latest News

Thursday, March 30, 2017

အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့ ဟိန္ဒူဘုရားကျောင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့ ဟိန္ဒူဘုရားကျောင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွာ


အိန္ဒိယ-မြန်မာနယ်စပ်အနီး မိုးရေးမြို့မှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတကျောင်း ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီ ၄၅ မိနစ်လောက်က အဝေးထိန်းစနစ်နဲ့ ဗုံးခွဲတိုက်ခိုက်ခံရလို့ အဆောက်အဦတချို့ပျက်စီးသွားပြီး၊ ဒေသခံ တွေကြားစိုးရိမ်ထိတ်လန့်ခဲ့ကြရတယ်လို့သိရပါတယ်။

တိုက်ခိုက်မှုကြောင့် မီးလုံးတွေ၊ ရေတိုင်ကီတွေ၊ ပြူတင်းပေါက်တွေ၊ နံရံတွေပျက်စီသွားပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။ အဲဒီကျောင်းဟာ အနောက်မြောက်ဒေသက ဒုတိယအကြီးဆုံး ဖြစ်ပြီး၊ မိုးရေးကုန်သည်များအသင်းက တည်ထောင်ထားတာလို့ ဆိုပါတယ်။ အဲဒီဒေသဟာ ဟိန္ဒူ၊ မူစလင်နဲ့ ခရစ်ယာန်တွေစုပေါင်းနေထိုင်ကြပြီး၊ အခုဖောက်ခွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကမှ မိမိတို့လက်ချက်ဆိုတာ ဝန်ခံပြောဆိုမှု မရှိသေးပါဘူး။

တနင်္ဂနွေနေ့ကလည်း မြန်မာနိုင်ငံဘက်မှာရှိတဲ့ နီပေါဘုန်းကြီးကျောင်းနားမှာ ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ အိန္ဒိယထောက်လှမ်းရေး သတင်းရပ်ကွက်က ဆိုပါတယ်။ RFA

No comments:

Post a Comment