Latest News

Thursday, March 30, 2017

ကျိန်စာ

ကျိန်စာ


တိုင်းပြည်အတွက်
အဖျက်အမှောက် ဆူးငြောင့် ခလုတ်သမားတွေကိုချည်း
တံမြက်စည်းလှည်းသလို ရှင်းလင်းပစ်နိုင်တဲ့
လေမုန်တိုင်းကြီးတစ်ခု အမြန် တိုက်ခတ်ပါစေ

တိုင်းပြည်အပေါ်
ယုတ်မာ ကောက်ကျစ် ပက်စက်
စကောလောက်မှ ဇောက်မနက်တဲ့သူတွေချည်း
ထိခိုက်ခံစားရစေမယ့်
ငလျင်ကြီးတစ်ခု အမြန် လှုပ်ခတ်ပါစေ

တိုင်းပြည်အပေါ်
စိတ်ကောင်းနှလုံးကောင်းမရှိဘဲ
ကိုယ်ကျိုးရှာ အတ္တကြီးလွန်းသူတွေကိုချည်း
ရွေးချယ်ပျက်စီးစေမယ့်
သဘာဝဘေးအန္တရာယ်ကြီးတစ်ခု
အမြန်ကျရောက်ပါစေ

ဝဋ်ရှိရင် ခံပါ့မယ်
အပြစ်ရှိသူတို့တော့ မကျန်ရစ်ပါစေနဲ့

ညီမင်းညို
30/3/2017
ကြာသပတေး ည ၁၂:၃၀
ခြင်္သေ့အိုင်(တောင်တွင်းကြီး)မှ အပြန်

No comments:

Post a Comment