Latest News

Wednesday, March 29, 2017

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့က လိင်တူနှစ်သက်သူလူငယ်ကို ခေါင်မိုးပေါ်ကတွန်းချပြီး သတ်ဖြတ်

WARNING: GRAPHIC CONTENT

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့က လူငယ်တစ်ယောက်ကို ခေါင်မိုးပေါ်က ပစ်ချပြီး
အောက်ကိုရောက်တဲ့အခါ ကျောက်ခဲများနဲ့ဝိုင်းဝန်းပစ်ပေါက်သတ်ဖြတ်ခဲ့ပါတယ်။
ဒီလူငယ်ဟာ လိင်တူနှစ်သက်သူဖြစ်နေတာကြောင့်ခုလို့ အဆုံးစီရင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
အလ္လာရဲ့နာမတော်နဲ့ အစ္စလာမ်ရဲ့ ရှရှီယားဥပဒေအရ အဆုံးစီရင်ခဲ့တယ်ဆိုတဲ့
ဒီဖြစ်ရပ်ဟာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့အုပ်ချုပ်နေတဲ့ မိုဆူမြို့မှာ ဖြစ်ပွားခဲ့တာပါ။
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့သားတွေက လူငယ်ကို မျက်နှာအ၀တ်စည်းပြီးဒရွတ်တိုက်ဆွဲခေါ်ဆောင်လာပြီးတဲ့နောက်ခေါင်မိုးအစွန်းကနေလမ်းမပေါ်တွန်းချပြီး အဆုံးစီရင်လိုက်ကြပြီး
အောက်ကိုအရောက်မှာတော့လူအုပ်ကြီးက ခဲနဲ့ဝိုင်းပစ်ပေါက်ပြီး သတ်ဖြတ်လိုက်ကြတာပါ။

ဒီလိုအဆုံးစီရင်မှုပုံစံမျိုးက သိပ်မဆန်းတော့ပါဘူး။
လွန်ခဲ့တဲ့လေးလခန့်က ထောင်သားတစ်ယောက်ကို ခုလိုပဲခေါင်မိုးပေါ်ကပစ်ချပြီး အောက်ကလူတွေက
ခဲနဲ့ဝိုင်းပေါက်ပြီးအဆုံးစီရင်ခဲ့ကြပါတယ်။

၂၀၁၅ခုနှစ်မှာ လိင်တူနှစ်သက်သူတွေဖြစ်တာကြောင့် အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ရဲ့
ခုလိုအဆုံးစီရင်ခြင်းခံခဲ့ရသူ ၃၀ ဦးခန့် ရှိမယ်လို့ ကုလသမဂ္ဂအဖွဲ့ကခန့်မှန်းပါတယ်။
ref:Dailymail
SZ(Time Ayeyar_တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment