Latest News

Friday, March 24, 2017

ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် လူ(၇)ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် လူ(၇)ဦး ဒဏ်ရာရရှိမှုဖြစ်ပွား


နေပြည်တော်၊ မတ်  ၂၄

၂၀၁၇ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဦးထုပ်ကွင်းကျေးရွာအနီး လပွတ္တာ-မြောင်းမြ-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် (၂၅/၆-၇)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ မြောင်းမြမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မြောင်းမြမြို့ဘက်မှ လပွတ္တာ ဘက်သို့ မြောင်းမြမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးခင်အောင်ရွှေ(၄၅)နှစ်မောင်းနှင်လာသည့် 5B/×××× မြမင်္ဂလာ ခရီးသည်တင်ယာဉ်သည် ရှေ့စတီယာတိုင် တိုက်ရော့ပြုတ်၍ လမ်း၏ ဝဲဘက်သို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်း ဦးခင်အောင်ရွှေနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ပြင်စလူမြို့နယ်၊ ရေချိုကန်ကျေးရွာနေ ဒေါ်နိုင်နိုင်ဝင်း(၃၈)နှစ် ပါ(၆)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မြောင်းမြမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ဦးခင်အောင်ရွှေ အား မြောင်းမြမြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/ ၂၇၉ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment