Latest News

Tuesday, March 14, 2017

အင်ဒိုရဲတပ်ဖွဲ့ဝင်တဦးကို သတ်ဖြတ်မှုဖြင့် ဗြိတိန်နိုင်ငံသားကို ထောင်ဒဏ် ၆ နှစ် ချမှတ်

အင်ဒိုရဲတပ်ဖွဲ့ဝင်တဦးကို သတ်ဖြတ်မှုဖြင့် ဗြိတိန်နိုင်ငံသားကို ထောင်ဒဏ် ၆ နှစ် ချမှတ်

အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ အင်ဒိုရဲတပ်ဖွဲ့ဝင်တဦးကို သတ်ဖြတ်မှုနဲ့ ဗြိတိန်နိုင်ငံသားတဦး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရပါတယ်။

အသက် ၃၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဒေးဗစ်တေလာဟာ အင်ဒိုရဲတပ်ဖွဲ့ဝင်တဦးကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဘာလီမြို့ရဲ့ နာမည်ကျော် ကူတာကမ်းခြေမှာ ပုလင်းနဲ့ရိုက်ခဲ့တဲ့အတွက် သေဆုံးခဲ့တာပါ။

အသက် ၄၆ နှစ်အရွယ် တေလာရဲ့ မိန်းကလေးမိတ်ဆွေလည်း လူသတ်မှုနဲ့ စွဲချက်တင်ခံရပြီး သူ့ရဲ့အမှုကိုလည်း မကြာခင် ဆုံးဖြတ်မှာဖြစ်ပါတယ်။

သူတို့ ၂ ယောက်လုံးကတော့ ခုခံတာလို့ ထွက်ဆိုထားကြပါတယ်။ အစိုးရရှေ့နေတွေကတော့ ဆာရာ ကော်နာကို လူသေတဲ့အထိ အုပ်စုဖွဲ့ ရမ်းကားမှုဖြစ်စေမှုနဲ့ ထောင်ဒဏ် ၈ နှစ်ချမှတ်ဖို့ ကြိုးစားနေကြတာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၆ ရက်နေ့က တေလာနဲ့ ကော်နာတို့ ကမ်းခြေမှာ လက်ကိုင်အိတ်ပျောက်လို့ နှစ်ယောက်ခွဲရှာဖွေကြခဲ့ကြတဲ့အချိန်မှာ တေလာနဲ့ အင်ဒိုရဲတပ်ဖွဲ့ဝင်တဦးတို့ အငြင်းအခုန် ဖြစ်ခဲ့ကြတာပါ။

နောက်တနေ့မနက်မှာ အင်ဒိုရဲတပ်ဖွဲ့ဝင်ဟာ ပုလင်း၊ မှန်ပြောင်းနဲ့ ရိုက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ကြတာပါ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment