Latest News

Friday, March 24, 2017

သရေခေတ္တရာ သမိုင်းကြောင်းတွေပြည့်နေတဲ့ မြို့ရွှေတောင် သို့ အလည်တစ်ခေါက်

သရေခေတ္တရာ သမိုင်းကြောင်းတွေပြည့်နေတဲ့ မြို့ရွှေတောင် သို့
အလည်တစ်ခေါက်

တောပန်း တောင်ပန်း စန္ဒကူးရနံတွေ ပြည့်နက်နေတဲ့ လူနတ်နှစ်လီ တည်ထားကိုးကွယ်တဲ့ ရွှေတောင်မြို့က ရှေးဟောင်းသမိုင်းဝင်
ရွှေနတ်တောင်စေတီတော်နဲ့ ဘုရားတွေကို ဒီတပတ်အလည်သွားဖို့ သူငယ်ချင်းတွေကို ကျွန်တော် နဲ့ အတူလိုက်ပါဖို့ ဖိတ် ခေါ်ပါတယ်ဗျာ..။

ရန်ကုန်မြို့ကနေ၁၆၆မိုင်ဝေးတဲ့ ရွှေတောင်မြို့ကိုရန်ကုန်
ပြည်လမ်းကားလမ်းတိုင်း သွားရမှာဖြစ်ပါတယ်။ ပြည်မြို့နေ
သွားရင်တော့၁၀မိုင်ခန့်သွားရပါတယ်။ရန်ကုန် ပြည်လမ်းမကြီး
ဘေးမှာ ရွှေနတ်တောင်သို့ ဆို တဲ့ မုဒ်ဦးကနေ ၀င်ရမှာပါ။
ဒီမုဒ်ဦးကြီး ကို ကျော်ဖြတ်ပြီးသွားရင်  နှောင်းလူတို့ရဲ့ကုသိုလ်နှစ် ၁၀၀ မက သက်တမ်းရှိတဲ့ ကုက္ကိုလ်ပင်ကြီး တွေ လမ်းဘေး ၀ဲ/ယာ တစ်လျှောက် အစီအရီအုပ်အုပ်စိုင်းစိုင်းကျဉ်း မြောင်း ချိုင့်ကွက်ထူတဲ့ လမ်းအတိုင်းသွားရမှာဖြစ်ပါတယ်။

ရွှေနတ်တောင်ဘုရားရောက်ဖို့ အတွက် ရန်ကုန် ပြည်လမ်းမကြီးကနေ အထဲကို  ၇ မိုင်မောင်းနှင်ရမှာပါ။ လမ်း ဘေးဝဲယာတစ်လျှောက် သာယာရှုမောဖွယ်ကောင်းတဲ့ သဘာဝအလှအပတွေ ၊ ကျေးရွာလူနေမှု အဆင့် အတန်း တိုးတက်မှုတွေနဲ့ နှောင်းလူတွေရဲ့ ကုသိုလ်လို့ ပြောလို့ရတဲ့ အုတ်တိုက်ရေချမ်းစင် တွေကို တွေ့ရမှာပါ။

ဒီနေရာကို  အသက် ၇ နှစ်ကစပြီး မကြာခဏဆိုသလို ရောက်ဖူးခဲ့ပြီးပါပြီ။ အဲဒီတုန်းက အခုလိုမျိုး ကျောက်သားလမ်းမဟုတ်ပါဘူး။ ရှေ့ကားသွားရင် ဖုံလုံးကြီးတွေ အလိမ့်လိမ့်ကျန်နေတဲ့ မြေနီမြေသား လမ်း ပါဘဲ။  အခုတော့ ဒီလမ်းကြီးမှာ ကတ္တရာ ချိုင့်ကျင်းကြီးတွေ ထူလို့ ကွန်ကရစ်လမ်းပြန်ခင်းတဲ့ အဆင့်ရောက် နေပါပြီ။

ရွှေတောင်မြို့က လာလမ်းအတိုင်း နာရီဝက်လောက်မောင်းပြီးရင်တော့ နိဗ္မာန်ချော့ခေါ်စေတီတော် ကျော်သွားရင် တော့တောင်ကုန်းအထက်က
ရွှေနတ်တောင်စေတီကိုအဝေးကမြင်တွေ့ရမှာပါ။ စေတီတော် တောင်
ခြေနားကရွာလမ်းတစ်ဖက်မှာဘုရားပွဲကျင်းပဖို့ဇာတ်စင်နဲ့ ဈေးဆိုင်ခန်းတွေ
ကိုဝါးတဲတွေနဲ့ ဆောက်လုပ်ထားပြီး  ရှေးဟောင်းရေတွင်းကျယ်ကြီးတွေကို
မြင်တွေ့ရမှာ ဖြစ်ပါတယ်။
 ဒီဘုရားကို နှစ်စဉ် တပေါင်းလဆန်း (၈)ရက်နေ့မှ စတင်ပြီး လပြည့်နေ့အထိ စည်ကားသိုက် မြိုက်စွာကျင်းပလေ့ရှိပါတယ်။  ဘုရားပွဲတော်မှာတော့ အနီးအနားကသဲကုန်း/ပုတီးကုန်း/ ရွှေတောင်/ပန်းတောင်း မြို့နယ်တွေနဲ့
ပြည်မြို့က လာရောက်ကြတဲ့ အတွက် စည်ကားလှပါတယ်။
လူသူမနီးတောတောင်ထဲက စန္ဒကူးနံတွေ သင်းနေတဲ့ ရွှေနတ်တောင် သမိုင်းအကျဉ်းကို ဒီနေရာမှာ အလျင်း သင့်လို့ ပြန်လည်မျှဝေချင်ပါတယ်။ ဒီစေတီသမိုင်းက သာမန်ထက် ထူးခြားလှပါတယ်။

စေတီတော်မှာ လေ့လာတွေ့ရှိရတဲ့ သမိုင်းမှတ်တမ်းတွေအရ
သက္ကရာဇ် ၁၀၄ ခုနှစ်တွင် ဗုဒ္ဒဘုရားရှင် ဒီအရပ်ဒေသသို့ ကြွရောက်တော်မူပြီး ၇ ရက်ပတ်လုံး တရားဓမ္မများကို ဟောကြားခဲ့သည်။ ထို့နောက်အဆိုပါတောင်ပေါ်တွင်နိမ္မိတကိုယ်စားရုပ်ပွားတော်တည်
ထားခဲ့သည်။ အဆိုပါကိုယ်ပွားရုပ်ပွား တော်ကို ကဉ္ဖနာဂီရိနိဂုံးသူ နိဂုံးသားတို့က အုတ်အင်္ဂတေနှင့် ဘုရားတည်ခဲ့ပြီး နေ့အချိန်တွင် လူတို့က တရစ်နှင့်ညအချိန်တွင် နတ်တို့က တစ်ရစ်တည်ထားကိုးကွယ်ခဲ့ကြသည်။

လူနတ်နှစ်လီတို့၏ တည်ထားပူဇော် ခဲ့ခြင်း ကြောင့် ရွှေနတ်တောင်
စေတီဟု သမိုင်းတွင်ခဲ့သည်။ သရေခေတ္တရာခေတ်တွင် ပိသာနိုးမိဘုရားကြီးက ဒွိတဘောင်မင်းကြီး ချီးမြင့်သည့် ဓါတ်တော် ၂ ဆူ၊ သားတော် ရဟန္တာများပင့်ဆောင်လာသည့် ဓါတ်တော်ပေါင်း ၁၈၀ ပေါင်း ၁၈၂ ဆူတို့ကို ဌာပနာ၍ ထပ်မံတိုးချဲ့ မွန်းမံ လှူဒါန်းခဲ့သည်။

ပုဂံခေတ်တွင် သီဟသူမင်းက ဥာဏ်တော် ၄၄ တောင်မြင့် ကာ ထပ်မံတည်ထားကိုးကွယ်ခဲ့သော်လည်း သက္ကရာဇ် ၁၂၂၀ ခုနှစ်တွင် မြေငလျင်လှုပ်ခတ်သဖြင့် ငှက်ပျောဖူးပြိုကျပျက်စီးပြီး ထီးတော်မြေခခဲ့သည်။ရဟန်းရှင်လူပြည်သူများ၏လှူဒါန်းမှုဖြင့်
စေတီတော်ကို ဥာဏ်တော် ၅၅ တောင်ထပ်မံလှူဒါန်းခဲ့ကြောင်း သမိုင်း မှတ်တမ်းအရသိရသည်။

ဒီဘုရားတောင်တော်ပေါ်ကိုတက်ရင်  ဘုရားတည်ထားပုံလက်ရာက ရှားပါးလက်ရာဖြစ်သလို အုတ်ဖိနပ်တော်မှ စလို့ ထီးတော်အထိ
တည်ထားမှု အရံစေတီတော် ကိုးကွယ်မှုတို့ကလည်း အံ့မခန်းတဲ့ ရှေးဟောင်းလက်ရာတွေကို တွေ့ရမှာဖြစ်ပါတယ်။
စောင်းတန်းအုတ်လှေခါးကိုအုတ် မိုးထားတဲ့ သံတန်စောင်းပြသာဒ်က
လည်း ရသေ့ကြီးဦးခန္တီ မန်းလေးတောင်တော်က ကုသိုလ်ယူ
လှူဒါန်းထားတဲ့ သံတန်ဆောင်နဲ့ ဆင်ပါတယ်။ ဘုရားပုရ၀ုဏ် အတွင်းမှာလည်း  မန်းလေး တောင်၊ ပြည်ရွှေဆံတော်များကဲ့သို့ပင်
မြွေ၊ဖား သတ္တ၀ါများသက်ရှိ ပုံသဏ္ဍာန် သံထည်နဲ့ သွန်းလောင်းထားတဲ့ အလှူခံပုံးများကိုလည်း တွေ့ရှိရမှာပါ။

ရှေးမူလက်ရာမပျက်တွေ့ရမှာဘဲ ဖြစ်ပါတယ်။ တောတောင်အလည်ထဲမှာ ထီးထီးမြင့်မားနေတဲ့ ရွှေနတ် တောင်စေတီပေါ်က ကြည့်ရင်အနီးအနားက ရွာတွေနဲ့ တောတောင်လည်ကွင်းတွေ၊ ဘုရားတောင်တော် ခြေရင်းက ဘုရားကျောင်းကန်တို့နဲပ ပဏာ သင့်တဲ့ ရွှေနတ်တောင် ဘုန်းကြီးကျောင်းကို မြင်တွေ့ရမှာပါ။

မြေညောင်ရေအိုးထဲကို ထည့်ထားတဲ့ တောပန်းတောင်ပန်းတွေကို ဘုရားဖူးအရောက်အပေါက်နည်းတဲ့ ရွှေနတ် တောင်စေတီတော်ကြီးမှာ ကပ်လှူပူဇော်ပြီး နှစ်ရာချီကုက္ကိုလ်ကြီးတွေ အုပ်ဆိုင်းနေတဲ့ လာရာလမ်းအတိုင်း ရွှေတောင်မြို့ကို ရန်ကုန် ပြည် ကားလမ်းအတိုင်းပြည်မြို့ကို ပြန်ထွက်ခဲ့ပါတယ်။
အပြန်လမ်းမှာ ရွှေတောင်မြို့ရဲ့ ကျက်သရေဆောင် မျက်စိဝေဒနာတွေ သက်သာပျောက်ကင်းအောင် ဆုတောင်းလို့ရတဲ့ ရွှေမျက်မှန်ဘုရားနဲ့ တ၀ဂူဘုရားတွေကို ၀င်ရောက်ဖူးမျှော်ခွင့် ရတလည်း စိတ်ချမ်းမြေ့စရာပါ။ ရွှေသားကွပ်ထားတဲ့ ရွှေမျက်မှန်ဘုရားကို ဗြိတိသျှခေတ်က စလို့ ခေတ်အဆက်ဆက် မျက်စိဝေဒနာရှင်တွေ ရောဂါဝေဒနာ ပျောက်ကင်းအောင်  ဆုတောင်းပြည့်ခဲ့တဲ့ တန်ခိုးကြီးဘုရား တစ်ဆူလည်း ဖြစ်ပါတယ်။

ရွှေမျက်မှန်ဘုရားကနေ ခရီးဆက်ရင်တော့ ရဟန်းနာ ၈၀ ပေါ်တော်မူဘုရားကို ရောက်ရှိမှာပါ။ ကျွန်တော် တို့ သွားရောက်ချိန်မှာတော့ ရဟန်းနာ ၈၀ ဘုရားပရ၀ုဏ်အတွင်းမှာ ကြီးမားလုံးဝင်းတဲ့ ကမ္ဘာလုံးကြီးကို တွေ့ရမှာ ပါ။ ဒီလုပ်ငန်းခွင်ကတော့ ဘုရားတည်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပဲ ဖြစ်ပါတယ်။ ထုထည်ကြီးမားမြင့်မားတဲ့ ဒီကမ္ဘာလုံးကြီးပေါ်မှာ ရပ်တော်မူရုပ်ပွားတော် တစ်ဆူတည်ထားကိုးကွယ်ဖို့ ဖြစ်ပါတယ်။ ဒီရဟန်း ၈၀ က ပေါ်တော်မူရုပ်ပွားတော် ရှေးဟောင်းရပ်ပွားတော်တွေ ဖြစ်ပါတယ်။
 ရှေးဟာင်းသုတေသနက ရှာဖွေတွေ့ရှိခဲ့ပြီး ရဟန်းနာ ၈၀ နဲ့ အတူ ရှေးဟောင်းသိမ်တော်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သမိုင်း မှတ်တမ်းတွေအရ ဒီနေရာမှာ ရှေးဟောင်းသိမ် ၃ လုံးရှိပါတယ်။ တူးဖော်လို့ရတဲ့ သိမ်ကတော့ နေထွက်သိမ် ဖြစ်ပြီး နေ၀င်သိမ်နဲ့ မွန်းတည့်သိမ်တို့က ယနေ့အထိ ရှာဖွေဆည်းဖြစ်တယ်လို့
အထောက်အထား ရသိ ရပါတယ်။
ကျွန်တော်တို့ ရောက်ရှိခဲ့တဲ့ ဒီရဟန်းနာ၈၀။
ရှေးဟောင်းဗုဒ္ဒရုပ်ပွားတော်တွေ တည်ရှိတဲ့ သိမ်တော်တွေနဲ့ ဒီဘုရားပရ၀ဏ်ဝင်းထဲက တူးဖော်တွေရှိခဲ့တဲ့ ကျောက်ထည်
ပစ္စည်းတွေ၊မဆလခေတ်ကဆွမ်းခံကြွတဲ့ဘုန်းကြီးနောက်လိုက်တဲ့
ကျောင်းသားလေးက တောင်ပို့ထဲ ၀င်သွားတဲ့ မြွှေကို လိုက်ဖမ်းရင်း တောင်ပို့တွင်းထဲကနေ ရှေးဟောင်းရွှေထည်ပစ္စည်းတွေ
ကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ သမိုင်းမှတ်တမ်းအရ အဇာတသတ်မင်းရဲ့ မင်းဝတ်တန်ဆာတွေနဲ့ ရွှေဒင်္ဂါးတွေတူးဖော်တွေ့ရှိမှုတွေကို
ဒေသခံပါးစပ်ရာဇ၀င်တစ်ခုလို ဖြစ်နေပါတယ်။ ဒီသမိုင်းတွေပြည့်နှက်တဲ့ ဒီမြို့ရွှေတောင်ဟာ ဘုးရားဖူးခရီးစဉ် သာမက သမိုင်းမှတ်တမ်းတမ်းလေ့လာလိုသူတွေအတွက် မိတ်ဆွေများ အလည်တစ်ခေါက်လာစမ်းချင်ပါဘိသနဲ့…….။

တိုးဝေအောင် ( The Myanmar Times )

No comments:

Post a Comment