Latest News

Monday, March 20, 2017

ပိုလန်နိုင်ငံထဲ အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲတွေ ဖြန့်ကျက်ချထားမည်


အမေရိကန်ဦးဆောင်တဲ့ နိုင်ငံစုံတပ်ဖွဲဝင် ၁၁၀၀ ကျော်ကို ဧပြီလမှစတင်ပြီး ပိုလန်နိုင်ငံမှာဖြန်ကျက်ချထားမှာဖြစ်ကြောင်း အခုလိုမျိုး လုပ်ဆောင်တော ဟာရုရှား နိုင်ငံရဲ့ ကျူးကျော်မှုတွေကို ဟန့်တားနိုင်အောင်ရည်ရွယ်ခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာ တပ်မှုးကပြောပါတယ်။
 ရုရှားနိုင်ငံ ဟာ ၂၀၁၄ ခုနှစ် ကခရိုင်းမီးယားဒေသကို ကျူးကျော်ပြီးနောက် အမေရိကန်နိုင်ငံက အခုလိုမျိုးတုံပြန်လိုက်တြားဖစ်ပါတယ်။
 ပိုလန်နိုင်ငံမှာဖြန့်ကျက်ချထားမယ့်အဖွဲ့မှာ အမေရိကန်နိုင်ငံကတပ်ဖွဲဝင် ၉၀၀ ၊ ဗြိတိန်က ၁၅၀ နဲ့ ရိုးမေးနီယားနိုင်ငံက ၁၂၀ ဦး ပါဝင်မှာဖြစ်ပြီး ပိုလန်နိုင်ငံအရှေမြောက်ဘက်မှာချထားမှာဖြစ်ပါတယ်။

အမေရိကန်တပ်မှုး ဗိုလ်မှုးကြီး စတီဗင် ဂျီဗန်တာက “ လေကျင့်ရေးအဖွဲ့မဟုတ်ဘူး အမြဲတမ်းချဖို့ရည်ရွယ်တာပါ၊ ဘလက်တစ်နဲ့ ပိုလန်မှာ ရုရှား နိုင်ငံရဲ့ ကျူးကျော်မှုတွေကိုတားဆီးဖို့ရည်ရွယ်တာဖြစ်တယ်။ “လို့ပြောပါတယ်။
 နေတိုးအဖွဲဝင်နိုင်ငံတွေကလည်း ပိုလန်နိုင်ငံမှာတပ်ဖွဲတွေဖြန့်ချထားဖို့ ရည်ရွယ်လျက်ရှိနေရာ အခုလိုမျိုး
လုပ်ဆောင်တာ ဟာ ဥရောပ အလယ်ပိုင်းဒေသကို မတည်ငြိမ်အောင်လုပ်ဆောင်တာလို့ ရုရှားက စွပ်စွဲထားပါတယ်။
အမေရိကန်နိုင်ငံ ဟာ ၁၉၉၇ ခုနှစ် ရုရှားနိုင်ငံနဲ့ချုပ်ဆိုတဲ့ သဘောတူညီမှုမှာ ရုရှားနိုင်ငံ နဲ့ နယ်စပ်ချင်းထိ
စပ်နေတဲ့ နိုင်ငံတွေမှာ တပ်ဖွဲဝင်မဖြန့်ထားဖို့ သဘောတူညီထားပေမယ့်အခုလိုမျိုးလုပ်ဆောင်တာ ဟာ သဘောတူညီမှုကိုချိုးဖောက်မှု အဖြစ် ရုရှားကပြောပါတယ်။
 နေတိုးအဖွဲ့တွေ ဟာ ရုရှားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ ပိုလန်နိုင်ငံထဲ တပ်ဖွဲဝင်တွေ  ၄၀၀၀၀အထိတိုးမြင့်
ချထားဖို့ ပြင်ဆင်မှုတွေရှိနေပါတယ်။
ref reuters  
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment