Latest News

Monday, March 20, 2017

သံယောဇဉ်ကြီးမားတဲ့ မျောက်ဝံမကြီး


သံယောဇဉ်ဆိုတာ မမြင်ရသလို အတိမ်အနက်ကိုတိုင်းတာလို့ မရပါဘူး၊ အထူးသဖြင့် တိရိစ္ဆာန်တွေရဲ့ သံယောဇဉ်ဟာ မှန်းဆလို့ မရတဲ့အထိရှိနေခဲ့ပါတယ်။
တစ်ခါတလေမှာ တိရစ္ဆာန်တွေ့ရဲ့ မေတ္တာတရားဟာ လူတွေကိုတောင် မျက်ရည်ကျစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်
မကြာသေးမီက အွန်လိုင်းမှာပျံနှံခဲ့တဲ့ ရုပ်သံဖိုင် ဟာလူတွေကို မျက်ရည်ကျတဲ့အထိ ၀မ်းနည်းစရာတွေဖြစ်စေခဲ့ပါတယ်။
မျောက်ဝံမကြီး ဟာသူမရဲ့ သေဆုံသွားတဲ့ သားငယ်ကို စွန့်ခွာဖို့နေနေသာသာ သက်ရှိထင်ရှား ရှိနေစဉ်က အတိုင်း သွားတွေကို  သန့်ရှင်းရေးလုပ်ပေးနေပုံကို  တွေ့ရ ချိန်မှာ လူတွေ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီမျောက်ဝံမကြီးရဲ့အမည်ဟာ  Noel ဖြစ်ပြီး၊ ဇမ်ဘီယာနိုင်ငံက Chimfunshi Wildlife Orphanage Trust တိရစ္ဆာန်ရုံမှာ စောင့်ရှောက်ထားပါတယ်။
မျောက်ဝံမကြီး Noel ဟာ အသက် 9 နှစ်အရွယ် Thomas ရဲ့ အလောင်းဘေးမှာ ပြုစုယုယပေးနေတာပါ၊ အမှန်တကယ်တော့ သေဆုံးသွားတဲ့ မျောက်ဝံလေး ဟာ မျောက်ဝံမကြီး ရဲ့အသားအရင်မဟုတ်ဘူးလို့သိရပါတယ်။
 သေဆုံးသွားတဲ့ မျောက်ဝံလေး    Thomas ရဲ့မိခင်ဖြစ်သူ မျောက်ဝံမကြီးသေဆုံးသွားချိန်မှာ မျောက်ဝံမကြီး Noel က မွေးစားခဲ့တာဖြစ်ပြီး မိခင်အရင်းလို့ နိုတိုက်ကျွေးမွေးစောင့်ရှောက်နေခဲ့တာပါ၊ နှစ်ပေါင်းများစွာကြာကျွေးမွေးခဲ့ရတော့ သားအရင်းလိုဖြစ်နေပြီး သံယောဇဉ်တွယ်နေတာလည်းဖြစ်ပါတယ်။
ref vn
ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်


No comments:

Post a Comment